ညောင်လေးပင် ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် အခြေခံပညာကျောင်းများအား ယမန်နေ့နံနက်(၉)နာရီအချိန်မှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းစတင် တက်ရောက်ကြကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် "ကျောင်းနေအရွယ် ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ သက်မှတ်ကာလအတွင်းကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနိုင်ရေးနှင့် နိုင်ငံတော်မှထောက်ပံ့သည့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ပြီးဖြစ်ရာ ကျောင်းသား၊ ကျောင်းသား/ သူများ ပျော်ရွှင်စွာဖြင့် တက်ရောက်ကြကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် အထက်တန်းကျောင်း (၂၄)ကျောင်း၊ အလယ်တန်းကျောင်း(၃၅)ကျောင်းနှင့် မူလတန်းကျောင်း(၁၁၈)ကျောင်း စုစုပေါင်း (၁၇၇)ကျောင်းအား ယနေ့ဇွန်လ(၁)ရက်မှစတင်ကာ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ကျောင်းသား၊ကျောင်းသူဦးရေ စုစုပေါင်း (၃၁၆၃၇) ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)