လွိုင်ကော် ဇွန် ၂
ကယားပြည်နယ်၊ လွိုင်ကော်မြို့သာသနာ့ဗိမာန်တော်ကြီး၌ ၂၀၂၃ ခုနှစ် (၃၀)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကို ကျင်းပပြုလုပ်ရာစာဖြေ သံဃာနှင့် သီလရှင် (၈) ပါး ဝင်ရောက်ဖြေဆို ခဲ့ကြသည်။
စားမေးပွဲသို့ နိုင်ငံတော်ဗဟိုသံဃာဝန်ဆောင်ဆရာတော်၊ ပြည်နယ်ဩဝါဒါစရိယဆရာတော်၊ ပြည်နယ်၊ မြို့နယ်သံဃာနာယကအဖွဲ့ ဆရာတော်နှင့် စာမေးပွဲကြီးကြပ်ရေး ဆရာတော်များ ကြွရောက်ခဲ့သည်။
အဆိုပါစာမေးပွဲကို ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကြီးကြပ်ရေး ဆရာတော်များ၊ စာဖြေသံဃာတော်နှင့် သီလရှင်များအတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ စာမေးပွဲအတွက် အထွေထွေအသုံးပြုဆောင်ရွက်နိုင်ရန် အလှူတော် ငွေများကိုလည်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)