လှည်းကူး ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် ပုံမှန်သင်တန်းများနှင့် ဘွဲ့ရသင်တန်းများကို ယမန်နေ့နံနက်ပိုင်းမှစတင်ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၉/ ၂၃)တွင် သင်တန်းသား/ သူ(၅၃၃)ဦးနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ် နေ့သင်တန်းပထမနှစ်(ဒုတိယနှစ်ဝက်)တွင် သင်တန်းသား/ သူ(၂၁၀)ဦး၊ ဒုတိယနှစ်(ပထမနှစ်ဝက်)တွင် သင်တန်းသား/ သူ(၂၅၇)ဦး၊ ဒုတိယနှစ်(ဒုတိယနှစ်ဝက်)တွင် သင်တန်းသား/ သူ(၆၁)ဦး၊ စုစုပေါင်း(၁၀၆၁)ဦးတို့ တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ ဆက်)