လှည်းကူးမြို့နယ်တွင်၂၀၂၃ခုနှစ် အစိုးရနိကာယ်ငါးရပ်စာမေးပွဲ စတင်ကျင်းပ

လှည်းကူး ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ နိဗ္ဗာန်ဆိပ်ဦး ဗိမ္မာန်အတွင်း၌ သာသနာရေးဦးစီးဌာနက ပရိယတ္တိသာသနာတော် တည်တန့်ခိုင်မြဲစည်ပင်ပြန့်ပွားစေရန်၊ သာသနာ့အာဇာနည်အရှင်မြတ်များ တိုးပွားစေရန်အတွက် အစိုးရနိကာယ်ငါးရပ် စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂နာရီမှ ညနေ ၄နာရီအထိစတင် ကျင်းပလျက်ရှိကြောင်း သိရသည်။

ထိုသို့ကျင်းပရာတွင် အစိုးရနိကာယ်ငါးရပ်စာမေးပွဲကို လှည်းကူးမြို့နယ်အတွင်းရှိ စာရင်းရှိ ရဟန်း(၁၀၉)ပါး၊ သာမဏေ(၂၆)ပါး၊ သီလရှင်(၆)ပါး၊ စုစုပေါင်း(၁၄၁) စာရင်းပေးသွင်းထားပြီး၊ ဖြေဆိုသူပေါင်း ရဟန်း(၆၅)ပါး၊ သာမဏေ(၂၁)ပါး၊သီလရှင် (၆)ပါး၊ စုစုပေါင်း(၈၇)ပါး ဝင်ရောက်ဖြေဆိုပြီး  ဖြေဆိုသည့်သံဃာတော်များနှင့် သီလရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ရေသန့်နှင့်အချိုရည်များ ဆက်ကပ်လှူဒါန်းပြီးလိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ ဆက်)