သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

သုံးခွ ဇွန် ၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

သုံးခွမြိုနယ်တွင် အခြေခံပညာအ.ထ.က ကျောင်း(၁၀)ကျောင်း၊ အ.ထ.က(ခွဲ)(၁၀)ကျောင်း၊အ.လ.က(၉)ကျောင်း၊ အ.လ.က(ခွဲ)(၉)ကျောင်း၊  မူလွန်(၁၀)ကျောင်း၊  မူလတန်းလွန် ၉၇ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၆)ကျောင်း စုစုပေါင်း(၁၅၃) ကျောင်းရှိပါကြောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိသော သင်ယူမှုအခွင့်အလမ်း ရရှိရေးကို ဦးတည်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပြီး ကျန်းမာ၍ ဘေးကင်းလုံခြုံသော သင်ယူမှု၀န်းကျင်ကို ဖန်တီးလျက် သင်ယူမှုမဆုံးရှုံးစေရေး၊ ကျောင်းထွက်နှုန်း လျော့ချရေးတို့ကို ဦးစားပေး ဆောင်ရွက်နိုင်ရေးအတွက် ပညာရေး၀န်ထမ်းများ၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးစေတနာရှင်များနှင့် မိဘပြည်သူများအားလုံး ဝိုင်း၀န်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း မြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းဌေးက ပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါကူး စက်ပြန့်ပွားမှုမဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်လာစေခြင်း၊ လက်ဆေးဘေစင်များ ဆောင်ရွက်‌ထားရှိ‌ ပေးထားကြောင်း သိရသည်။

စည်သူလင်း