မုံးကိုးမြို့၌ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းစတင် ဖွင့်လှစ်

မုံးကိုး ဇွန် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်မှစ၍ ကျောင်းစတင်ဖွင့်လှစ်ခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။

တစ်နိုင်ငံလုံးတွင် မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ ၂၀၂၃-၂၄ ပညာသင်နှစ်၊ အစိုးရအခြေခံပညာရေးကျောင်းများကို ကျောင်းအပ်နှံရေးနေ့သီတင်းပတ်အဖြစ် သတ်မှတ်ခဲ့ပြီး “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ စတင်လက်ခံခဲ့ကြောင်း သိရှိရသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း မုံးကိုးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်သင်ကြားကြမည့် ကျောင်းသား/သူများသည် မိဘအုပ်ထိန်းသူများနှင့်အတူ လာရောက် ကျောင်းအပ်နှံလျက်ရှိရာ ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဆရာ၊ ဆရာမများက နွေးထွေးစွာကြိုဆို လက်ခံခဲ့ကြပါသည်။ အဆိုပါ ကျောင်းအပ်လက်ခံရာတွင် ကျောင်းသား/သူလေးများအနေဖြင့် မွေးစာရင်းမိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူနှင့် မိဘအုပ်ထိန်းသူတို့၏ မှတ်ပုံတင်မိတ္တူများကို တစ်ပါးထဲယူဆောင်ကာ ကျောင်းအပ်နှံရပြီး ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘော့ပင်၊ ခဲတံနှင့် အခြားကျောင်းသုံးပစ္စည်းများကို အခမဲ့ ထောက်ပံပေးလျက်ရှိပါသည်။

မုံးကိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ KG ကို ကျောင်းသား/သူ (၅၈)ဦး၊ Grade-1ကို (၁၁၇)ဦး၊ Grade-2 ကို (၇၅)ဦး၊ Grade-3ကို (၅၃)ဦး၊ Grade-4 ကို (၆၄)ဦး၊ Grade-5ကို (၄၁)ဦး၊ Grade-6ကို (၁၈)ဦး၊ Grade-7ကို (၂၂)ဦး၊ Grade-8ကို (၁၉)ဦး၊ Grade-9ကို (12)ဦး၊ Grade-10ကို (၆)ဦး လာရောက်ကျောင်းအပ်နှံလျက်ရှိပြီး ကျောင်းအပ်လက်ခံ ဆရာ/ ဆရာမများကလည်း  ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းများနှင့်အညီ မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံခဲ့ကြောင်း သိရှိရပါသည်။ ယမန်နေ့ ဇွန်လ(၁)ရက်နေ့တွင် ကျောင်းသား/သူများ စုစုပေါင်း(၄၈၅)ဦး လာရောက် ပညာသင်ကြကြောင်း သိရှိရသည်။

မေစံပယ်ဖူး(မုံးကိုး)