တွံတေးမြို့နယ်၌ အစိုးရနိကာယ်စာမေးပွဲ ပထမနေ့ဖြေဆို

တွံတေး ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၁၃၈၅ ခုနှစ်၊ အစိုးရနိကာယ်စာမေးပွဲ ပထမနေ့ကို ယမန်နေ့မွန်းတည့်(၁၂း၀၀)အချိန်မှ ညနေ (၄း၀၀)နာရီအချိန်ထိ ရွှေဆံတော်စေတီ တန်းဆောင်(၃)ခု၊ အာစိဏ္ဏကံ ဗိမာန်၊ ရှမ်းဓမ္မာရုံ၊ ဓမ္မာလင်္ကါရဘုန်းတော်ကြီးကျောင်းနှင့် ပဏ္ဍိတရာမဘုန်းတော်ကြီးကျောင်း စာဖြေဌာန( ၇)ခု၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစိုးရ နိကာယ်စာမေးပွဲတွင် အုပ်စု(၁)ပါရာဇိကပါဠိတွင် စာရင်းရှိ ရဟန်း ၃၅၀ ပါး၊ သာမဏေ ၃၀ ပါး၊ သီလရှင် ၆၂ ပါး စုစုပေါင်း ၄၄၂ ပါးတွင် ဖြေဆို ရဟန်း (၂၇၅)ပါး၊ သာမဏေ(၁၇)ပါး၊ သီလရှင်(၄၈)ပါးဖြေဆို စုစုပေါင်း(၃၄၀)ပါး၊ အုပ်စု(၂) သီလက္ခန္ဓဝဂ္ဂပါဠိတွင် စာရင်းရှိ ရဟန်း(၃၃)ပါး၊ သာမဏေ(၁)ပါး၊ သီလရှင် (၁၇)ပါး စုစုပေါင်း(၅၁)ပါးရှိပြီး ဖြေဆိုရာတွင် ရဟန်း(၃၀)ပါး၊ သီလရှင်(၁၆)ပါးဖြေဆို အပါး(၄၆) ပါး၊ အုပ်စု(၃)မူလပဏ္ဍာသပါဠိတွင် စာရင်းရှိ ရဟန်း ၁၀ ပါးဖြေဆိုရဟန်း(၉) ပါး၊ အုပ်စု(၄) သဂါထာဝဂ္ဂ၊နိဒါနဝဂ္ဂ သံယုတ္တပါဠိတွင် စာရင်းရှိ ရဟန်း(၁)ပါးဖြေဆိုမရှိ၊ အုပ်စု(၅)ဧကကမှ စတုက္ကနိပါတပါဠိတွင် စာရင်းရှိ ရဟန်း(၇)ပါး သီလရှင်(၃)ပါး ဖြေဆို ရဟန်း (၃)ပါး၊ သီလရှင်(၂)ပါးအုပ်စု(၈) ဓမ္မသင်္ဂဏီပါဠိတွင် စာရင်းရှိ ရဟန်း(၂၉)ပါး၊သီလရှင်(၁၀)ပါး ဖြေဆိုရဟန်း (၂၁) ပါး၊ သီလရှင်(၆) ပါး ဝင်ရောက်ဖြေဆိုကြရာ စာရင်းရှိ(၅၅၃)ပါး ဖြေဆို(၄၂၇) ပါးရှိသည့်အတွက် ဖြေဆိုရာခိုင်နှုန်းအားဖြင့်(၇၇.၂) ရာခိုင်နှုန်းဖြေ ဆို ကြကြောင်း သိရသည်။

စာဖြေသံဃာတော်များကို တွံတေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက အချိုရည်ဘူးများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ သံဃာတော်များ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒစရိယဆရာတော် ကြီးများ၊ အထူးကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ စာဖြေဌာန ကြီးကြပ်ရေးအဖွဲ့ ဆရာတော်များနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် အစိုးရနိကာယ်တွင် တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်များမှ သံဃာတော်အရှင်သူမြတ်များ၊ သာမဏေ၊ သီလရှင်များက အစိုးရနိကာယ်စာမေးပွဲကို ဇွန်လ(၁)ရက်နေ့မှ (၅)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တွံတေးသား