တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

တွံတေး ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံ​တေးမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်၁၀ နာရီက တော်ဝင်စန္ဒကူးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအ​ဝေးတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးခင်​မောင်မြင့်မှ ခရိုင်အဆင့် အစိုးရနိကာယ်စာ​မေးပွဲ​ဖြေဆိုရာတွင် လိုအပ်သည့် လုံခြုံ​ရေးဆိုင်ရာကိစ္စရပ်များ၊ မိုးစပါးစိုက်ဧကများအ​ပေါ် သီးထပ်/ သီးနှံများ အပြည့်အဝစိုက်ပျိုးနိုင်​ရေး၊ ​ဒူးရင်းသီးစိုက်ဧကစာရင်းပြုစုတင်ပြ​ရေး၊ တောင်သူများစိုက်ဘဏ်​ချေး​ငွေ ​ချေးယူနိုင်​ရေးကိစ္စရပ်များအား ဆွေး​နွေးမှာကြားပြီး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသုတအောင်မှ ​ကျောင်းဖွင့်နေသည့်ဖြစ်သဖြင့် ပြည်သူ့လုံခြုံ​ရေးအဖွဲ့များမှ လုံခြုံ​ရေးရယူ​ ဆောင်ရွက်​ပေး​ရမည့်ကိစ္စရပ်များအား ​ဆွေး​နွေးမှာကြားခြင်း၊ ဌာနဆိုင်ရာများမှ တင်ပြခြင်း၊ ရပ်​ကျေးအုပ်ချုပ်​ရေးမှူးများမှ လိုအပ်သည်များအား တင်ပြခြင်းနှင့် အပြန်အလှန်​ဆွေး​နွေးကြကာ လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဖြည့်စွတ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးသို့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးခင်​မောင်မြင့်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသုတ​အောင်၊ အတွင်း​ရေးမှူး ရဲမှူးမျိုးဦး၊ မြို့နယ်လယ်ယာ​မြေစီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်​ကျေးအုပ်ချုပ်​ရေးမှူးများ၊ စာ​ရေးဝန်ထမ်းများ စုစု​ပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တွံတေးသား (ပြန်/ ဆက်)