ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်

ဆိပ်ကြီးခနောင်တို ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက် (ယမန်နေ့)တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်း၊ ပျော်ရွှင်စွာစွာ ပညာသင်ကြားလျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း၁၀ကျောင်း၊   မူလတန်းလွန် ၄ ကျောင်း၊ အ.ထ.က(ခွဲ)  ၂ ကျောင်းနှင့် အ.ထ.က ကျောင်း ၁ ကျောင်း စုစုပေါင်းအခြေ ခံပညာကျောင်း ပေါင်း၁၇ ကျောင်းရှိရာ ယမန်နေ့အထိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတို့တွင် သက်ဆိုင်ရာ ကျောင်းများအလိုက် ကျောင်းအပ်နှံပြီးစီးသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၄၃၁ ဦးရှိပြီး၊ ကျောင်းလာရောက် တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ ၆၂၂၂ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက သက်ဆိုင်ရာကဏ္ဍအလိုက် ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ (ပြန်/ ဆက်)