နမ့်စန်(တ) ဇွန် ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး ယမန်နေ့နံနက်ပိုင်းမှစ၍ ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်အခြေခံပညာ ကျောင်း (၁၂၉) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၃) ကျောင်း စုစုပေါင်း(၁၃၃)ကျောင်းရှိပြီး မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံမှုစာရင်းအရ လာရောက်အပ်နှံသော ကျောင်းသားကျောင်းသူ မူလတန်းအဆင့်(၁၂၄၁၇)ဦး၊ အလယ်တန်းအဆင့်(၂၃၃၀)ဦးနှင့် အထက်တန်းအဆင့်(၉၈၄)ဦး၊စုစုပေါင်း ၁၅၇၃၁ ဦး ရှိပြီဖြစ်ကြောင်းနှင့် ထပ်မံလာရောက် အပ်နှံလျက်ရှိကာ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာကျောင်းတက်နိုင်ရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးတို့အတွက် မြို့နယ်မှသက်ဆိုင်ရာတာဝန်ရှိသူအသီးသီးက ကြီးကြပ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)