မိတ္ထီလာ ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း (ဖလံကျင်း) တွင် တွဲဖက်ဖွင့်လှစ်သည့် စိုက်ပျိုး/မွေးမြူရေး အထက်တန်းကျောင်းဖွင့်ပွဲကို ဇွန်လ ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် အမြောက်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူးဒေါ်စန္ဒာလင်း၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါက်တာခင်မောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးတို့က ကျောင်းသား ကျောင်းသူများအား ပုံနှိပ်စာအုပ်များနှင့် ကျောင်းသုံး ဗလာစာအုပ်များကိုပေးအပ်ခဲ့ပြီး ကျောင်းသား ကျောင်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး ကျောင်းသားကျောင်းသူများ၏ နေထိုင်ရေးနှင့် စားသောက်ရေး များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် စာသင်ကျောင်းဆောင် များအား လိုက်လံကြည့်ရှုခဲ့ကြသည်။
အဆိုပါ စိုက်ပျိုး/မွေးမြူရေး အထက်တန်းကျောင်းဖွင့်ပွဲသို့ အမြောက်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်ဇော်မင်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန္ဒာလင်း၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာခင်မောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်အေး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာစိုးနိုင်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း (ဖလံကျင်း) မှ ကျောင်းအုပ် ဆရာမကြီးဒေါ်မြမြနွဲ့နှင့် ဆရာဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား ကျောင်းသူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်