မတ္တရာ ဇွန် ၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားလျက်ရှိရာ မတ္တရာမြို့နယ်ရှိ အခြေခံပညာကျောင်းများလည်း ဖွင့်လှစ်သင်ကြားနေပြီဖြစ်သည်။
မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ၌ စာသင်ကြားနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအား ပေးခဲ့ကြပြီး ကျောင်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
မတ္တရာမြို့နယ်၌ မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံသူပြီးသူ ၁၄၇၃၈ ဦးရှိပြီး ကျောင်းအကျိုးတော်ဆောင်များ၊ မိဘပြည်သူများနှင့် လုံခြုံရေးအဖွဲ့များမှ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)