မိုင်းယောင်းမြို့နယ်တွင် ရုံးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းယောင်း ဇွန် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီခွဲက ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရုံးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က ရုံးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် ပြောင်းလဲမှုအမျိုးမျိုးဖြစ်ပေါ်တတ်ရာ သတ်မှတ်ထားရှိသည့် လုပ်ထုံး လုပ်နည်းနှင့် စနစ်တို့သည် ပြောင်းလဲမှုများကို အမီလိုက်နိုင်ရန် ထိုးထွင်းတီထွင်ဆောင်ရွက်တတ်ရန်လိုအပ်ကြောင်း၊ မလွဲမသွေ ဆောင်ရွက်ရသည့် လုပ်ငန်းများသည် ရည်မှန်းချက်တာဝန်ကြီးမားသည်နှင့်အမျှ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အရာထမ်း၊ အမှုထမ်းများအနေဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို စနစ်တကျ ပြီးမြောက်ရန် ကြိုးစားဆောင်ရွက်ပေးမှုကိုလည်း ကျေးဇူးတင်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းသန့်ဇင်မျိုးနှင့် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက မိမိတို့ တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ မှန်ကန်မြန်ဆန်စွာနှင့် ထိရောက်ထက်မြက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲနှင့် အားသာချက်၊ အားနည်းချက်များကို ပြန်လည်ရှင်း လင်းတင်ပြခဲ့ကြရာ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း