ကျောက်တလုံးကြီးမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ပြုလုပ်

ကျောက်တလုံးကြီး ဇွန် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ကို ယမန်နေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သန္တာဝင်းနှင့် အငယ်တန်းစာရေး ဒေါ်ကေသီအောင်တို့က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးလာရခြင်း၏ အကြောင်းရင်းများ၊ ပလတ်စတစ်၏ ဂုဏ်သတ္တိများ၊ ပလတ်စတစ်ကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ညစ်ညမ်းမှု သက်ရောက်နိုင်ပုံ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်သင့်သည့် အချက်များ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် ကမ္ဘာမြေကြီးလှပရန်အတွက် သစ်ပင်များ စိုက်ပျိုးသင့်ကြောင်း စသည့်အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေး ဆွေးနွေးကြသည်။

ကျောက်တလုံကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍  အထိမ်းအမှတ်နေ့ဟောပြောပွဲမျာ၊ Talk Show အစီအစဉ်များ၊ စာအုပ်ဖတ်ဝိုင်း၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို လစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ဆွေးနွေးမှုများကို Lovely Kyauktalone facebook page တွင် ပြည့်ပြည့်စုံစုံ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)