လားရှိုးမြို့တွင် ၂၀၂၃ ခုနှစ် နိကာယ်စာမေးပွဲကျင်းပ

လားရှိုး ဇွန် ၂

၂၀၂၃ ခုနှစ် နိကာယ်စာမေးပွဲကို  ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ သာသနာ့ဗိမာန်တွင် ယမန်နေ့ မွန်းတည့်  ၁၂ နာရီအချိန်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။

နိကာယ်စာမေးပွဲကို အုပ်စု(၉)အုပ်စု ဖြေဆိုလျက်ရှိနေပြီး စာမေးပွဲကို ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့ထိ ငါးရက်တိုင် ကျင်းပသွားမည်ဖြစ်သည်။ လားရှိုးမြို့တွင် ကျင်းပသည့် နိကာယ်စာမေးပွဲ ပထမနေ့တွင် သံဃာတော်နှင့် သီလရှင်(၁၇၁)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိနေကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)