ကျိုက်ထို ဇွန် ၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း ပြီးဇွန်(၂)ရက်နေ့ နံနက်(၉)နာရီက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” အသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ကမ္ဘာ့ပတ်ဝန်းကျင်းထိန်းသိမ်းနေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ရာတွင် ပြည်သူများ ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်စေမည့် နည်းလမ်းများကိုသိရှိစေရန် ရည်ရွယ်ပြီး Talk Show အစီအစဉ် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သီတာငြိမ်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ဆောင်ပုဒ်ကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဖြိုးမို့အောင်က ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအတွက် ပြည်သူများအနေဖြင့် ဆောင်ရွက်နိုင်မှုအခြေနေ၊ ပလတ်စတစ်၏ ကောင်းကျိုးဆိုးကျိုးများ၊ ပလတ်စတစ်ကို စတင်တွေ့ရှိအသုံးပြုလာရတဲ့အကြောင်းရင်းစသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလိုအသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူး ထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာ ပေးဝန်ဆောင်မှုလုပ်ငန်းများကိုစဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)