မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များအား‌ ထောက်ပံ့ငွေပေးအပ်

အထက်မင်းလှ  ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မေလ(၃၁)ရက်‌ နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည့် တောင်ရပ်ကွက်နှင့် ပျဥ်းပင်စမ်းကျေးရွာတို့မှ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ်(၂)လုံးအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေနှင့် ဆန် ရိက္ခာဖိုးထောက်ပံ့ငွေများကို ယမန်နေ့ ညနေ(၄)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ထောက်ပံ့ပေးခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိသဇင်လှိုင်က ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ထောက်ပံ့ငွေပေးအပ်ပွဲ ပြုလုပ်ခဲ့ရာ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် တောင်ရပ်ကွက်မှ လူနေအိမ်(၁)လုံးနှင့်၊ ပျဥ်းပင်စမ်းကျေးရွာမှ လူနေအိမ်(၁)လုံး တို့အတွက်  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၆၀၀၀ဝိ/)နှင့် ဆန်ရိက္ခာဖိုး(၁၆၈၀ဝိ/) စုစုပေါင်း(၇၆၈၀ဝိ/)တို့ကို လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်နေအိမ်များမှ မိသားစုဝင်များထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)