ရေစကြိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

ရေစကြို ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့် ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ရေစကြိုမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားမှုအား မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျေးရွာအလိုက်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာများနှင့် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ရေစကြိုမြို့နယ်လုံး၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းတွင်(၉၁၉)ဦး၊ အလယ်တန်းတွင်(၁၉၅၄)ဦး၊ မူလတန်းတွင်(၇၅၁၄)ဦး စုစုပေါင်း(၁၀၃၈၇)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းနှင့် မြို့ပေါ်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ကျောင်းသား၊ ကျောင်းသူပေါင်း(၁၅၀၀)ဦးခန့် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မောင်လုလင် (ရေစကြို)