ပြင်ဦးလွင် ဇွန် ၂
ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မေလ ၂၃ ရက်မှ စတင်ကာ ကျောင်းများအပ်နှံခဲ့ပြီး ဇွန်လ ၁ ရက်နေ့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ယနေ့ ကျောင်းစတင်ဖွင့်လှစ်သည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်သင်ကြားလျက်ရှိပြီး ပြင်ဦးလွင်မြို့နယ်တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူပေါင်းမှာ ၅၂၅၉၅ ဦး ရှိကြောင်း သိရသည်။ မူလရှိကျောင်းသား၊ ကျောင်းသူဦးရေမှာ ၄၈၈၆၁ ဦးရှိသဖြင့် ပြင်ဦးလွင်မြို့နယ်တွင် ကျောင်းအပ်နှံမှုရာခိုင်နှုန်းမှာ ၁၀၇.၆၄ ရှိကြောင်း ခရိုင်ပညာရေးမှူး ဒေါက်တာရွှေစင်အိ၏ ပြောကြားချက်အရသိရသည်။
ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၅၂)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း(၇)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၃၀)ကျောင်း၊ စုစုပေါင်း (၁၈၉)ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဖြုလူသစ် (ခရိုင် ပြန်/ဆက်)