မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ

သစ်ပင်စိုက်လျှင် ဒို့ဝန်းကျင် စိမ်းစိုလှပ ကြည်နူးရ၏၊ သစ်ပင်စိုက်ပါ ဒို့ကမ္ဘာသာယာလှပ စိမ်းမြမြ၊ သက်ရှိအာဟာရတည်မြဲဖို့ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့ အစရှိသည့် ဆောင်ပုဒ်များနှင့်အညီ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၇)နာရီခွဲတွင် မန္တလေးတိုင်း ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် လောကမဏိစူဠာဘုရားဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒိုက်ဦးမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ

ပဲခူးဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ နေ့လယ် (၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့ ပုဏ္ဏားကျွန်းမြို့ ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေ သည့် ဗိုလ်မှူးချုပ် ဝင်းမောင်သည် ယမန်နေ့၊ နေ့လယ်ပိုင်းက ဆိုင်ကလုန်း မုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဌာနဆိုင်ရာရုံးဌာနများသို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

လောက်ကိုင်မြို့ အမှတ်(၁)ရပ်ကွက်အတွင်းသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် နယ်မြေကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အမှတ်(၁)ရပ်ကွက်အတွင်း လုံခြုံရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့များသည် ယမန်နေ့နံနက်(၁၀) နာရီအချိန်က နယ်မြေကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

ရွှေတိဂုံစေတီတော် ၁၃၈၅ ခုနှစ် နယုန်လပြည့် မဟာသမယအခါတော်နေ့ အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ ၁၃၈၅ ခုနှစ် နယုန်လပြည့်မဟာ သမယအခါတော်နေ့ အခမ်းအနားကို ရွှေတိဂုံစေတီတော်ရင်ပြင် သတ်မှတ်နေရာ အသီးသီး၌ ယမန်နေ့ နံနက်ပိုင်းတွင်ကျင်းပပြုလုပ်သည်။

ကြံခင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှူံးသော ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနှင့် အိမ်ထောင်စု(၃)စုအတွက်  ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှူံးသော ဘုန်းတော်ကြီးကျောင်းဓမ္မာရုံနှင့် အိမ်ထောင်စု (၃)စုအတွက်  ထောက်ပံ့ငွေပေးအပ်ခြင်းကို  ယမန်နေ့ နေ့လည်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများအတွင်း    ရေသန့်စက် ၊  ယာယီတဲ နှင့် အမိုးအကာများအား တာ၀န်ရှိသူများက ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများအတွင်း   ရေသန့်စက် ၊  ယာယီတဲ နှင့် အမိုးအကာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နေ့လည်ပိုင်းက အဆိုပါ ကျေးရွာများတွင် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ပေါင်းတည်၌ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူရေးမှ လစဉ်ဝင်ငွေရရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ တစ်နိုင်တစ်ပိုင်မွေးမြူရေး လုပ်ကိုင်လျက်ရှိကြသူ မိသားစုများသည်ဝက်မွေးမြူရေးဖြင့်လစဉ် ဝင်ငွေရရှိကာ   စားဝတ်နေရေးအဆင် ပြေလျက်ရှိကြောင်း သိရသည်။

ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ မဟာသမယအခါတော်နေ့အခမ်းအနားကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ (နယုန်လပြည့်နေ့) ယနေ့ညနေ ၄ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးရင်ပြင်‌တော်မြတ်စွယ်တော်တိုက်၌  (၄၄)ကြိမ်မြောက် မဟာသမယအခါတော်နေ့အခမ်းအနားကျင်းပသည်။

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် အတွင်းမိုခါမုန်တိုင်းဘေးကြောင့် ပြန်လည် ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အတွက်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများလေဘေးသင့်ပြည်သူများအားထောက်ပံ့ပစ္စည်းများပေးအပ်

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းဘေးကြောင့်ပြန်လည် ထူထောင်ရေးကိစ္စရပ် များဆောင်ရွက် နိုင်ရန်အတွက်ရောက်ရှိနေသော ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ(၃) နာရီအချိန်က ဘူးသီးတောင်မြို့ မီးရထားဆိပ်ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာနဂိုဒေါင်ရှေ့၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြသည်။
Subscribe to