ဂွမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့နေ့လယ်ပိုင်းက အ.မ.က (ကင်းရုံး-၂) တွင် ကျောင်းကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် သွေးလွန်တုပ်ကွေး ကာကွယ်ရေး အသိပညာပေး (Talk Show) ပြုလုပ်

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

တကောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက် (၉)နာရီက ပြည်သူ့ဆေးရုံရှိ ဆေးထိုးစုရပ်တွင် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

သရက်ချောင်းမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထိမ်းအမှတ်အကြို ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေး Talk Show ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး Community Centre ခန်းမတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအထိမ်းအမှတ်အကြို  ငါးသယံဇာတထိန်းသိမ်းရေးအသိပညာပေး ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီခွဲက ပြုလုပ်ခဲ့သည်။

မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်၏ နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ရဟန်းရှင်လူ ပြည်သူများ လာရောက်ဖူးမြော်ကြည်ညို

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ အဓိပတိ မဟာနာယက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သက်တော် (၉၄)နှစ်၊ သိက္ခာတော် (၇၄)ဝါရှိ နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသ၏ ဥတုဇရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်ရှိ အေးကမ္ဘာသာသနာ့ ဗိမာန်တော်ကြီးအတွင်း၌ ပူဇော်ထားရှိလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး၊ ဗန်းမော်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ် ထားရှိရာသို့ လိုအပ်သည်များ ကြည့်ရှုစစ်ဆေးမှာကြားခဲ့သည်။

တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းသား/သူ စုစုပေါင်း(၂၁၈၀၆)ဦး တက်ရောက်ပညာသင်ယူလျက်ရှိ

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား/သူများအား မိဘအုပ်ထိန်းသူများမှ လိုက်ပါပို့ဆောင်ပြီး ယနေ့နံနက်(၈)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၈၉၈)ဦး အေးချမ်းပျော်ရွှင်စွာဖြင့်  ပညာသင်ယူနေကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကော့ကရိတ်မြို့ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား/သူများ ပျော်ရွှင်စွာ ကျောင်းစတင်တက်ရောက် ပညာသင်ကြား

မြန်မာနိုင်ငံရှိအခြေခံပညာကျောင်းများကို ဇွန်လ ၁ရက်ေန့မှစတင်၍ တစ်ပြိုင်တည်းဖွင့်လှစ်ရာ ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်ပြီး သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများသင်ကြားပို့ချ လျက်ရှိရာ ကျောင်းသားကျောင်သူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားလျက် ရှိကြောင်း သိရသည်။

မြောက်ဦးမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီ ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အောင်တပ်ရပ်ကွက် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ  ဇွန်လ(၁)ရက်နေ့မှ စတင်၍ ဖွင့်လှစ်နေပြီဖြစ်ပြီး၊ ကျောင်းအသီးသီးတွင် ကျောင်းသား/ကျောင်းသူ ကလေးငယ်များ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုကို တာဝန်ရှိသူများမှ ကြည့်ရှု စစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၉ နာရီအချိန်က မြောက်ဦးမြို့ရှိ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်၍ ပညာသင်ကြားနေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
Subscribe to