ကြံခင်း ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှူံးသော ဘုန်းတော်ကြီးကျောင်းဓမ္မာရုံနှင့် အိမ်ထောင်စု (၃)စုအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရခြင်းမှာ မေလ(၃၁)ရက်နေ့တွင်မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်သဖြင့် အမိုးလန်ပျက်စီးမှုအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူး ရုံးမှ ထောက်ပံ့သော တစ်စိတ်တစ်ပိုင်းပျက်စီးသော ကွေ့မကျေးရွာအုပ်စု၊ အုတ်တွင်း ဘုန်းတော်ကြီးဓမ္မာရုံအတွက် ငွေကျပ်(၅၀၀၀ဝိ/)နှင့် ရပ်ကွက်/ကျေးရွာ(၃)ခုဖြစ်သော ရွှေပန်းတောကျေးရွာအုပ်စု၊ မုတ္ထုပ်ကျေးရွှာ၊ ရွာသစ်ရပ်ကွက်၊ ဘူတာကုန်းရပ်နှင့် ကြံတောအုပ်စု၊ ကျောက်တိုင်ကျေးရွာတို့မှ အိမ်ထောင်စု(၃)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၅၀၀ဝိ/)နှင့် ဆန်ရိက္ခာဖိုး (၁၈၉၀ဝိ/) စုစုပေါင်း(၁၆၃၉၀ဝိ/)ထောက်ပံ့ခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်က လေဘေးသင့်အိမ်ထောင်စုများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)