မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ

မန္တလေး ဇွန် ၃

သစ်ပင်စိုက်လျှင် ဒို့ဝန်းကျင် စိမ်းစိုလှပ ကြည်နူးရ၏၊ သစ်ပင်စိုက်ပါ ဒို့ကမ္ဘာသာယာလှပ စိမ်းမြမြ၊ သက်ရှိအာဟာရတည်မြဲဖို့ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့ အစရှိသည့် ဆောင်ပုဒ်များနှင့်အညီ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၇)နာရီခွဲတွင် မန္တလေးတိုင်း ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် လောကမဏိစူဠာဘုရားဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်တက်ရောက်ပြီး သစ်ပင်စိုက်ပျိုးပေးခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက သစ်ပင်များစိုက်ပျိုး‌ပေးခြင်း၊ တက်ရောက်လာသည့် ဧည့်သည်တော်များက သစ်ပင်များစိုက်ပျိုးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည် ကြည့်ရှု့အားပေးခဲ့ကြပါသည်။

အဆိုပါ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)