မာန်အောင်မြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဘုန်းကြီးကျောင်းများ၊ လူနေအိမ်များ၊ ပြည်သူများအတွက်ထောက်ပံ့ငွေပေးအပ်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များ၊ ပြည်သူများအတွက် ကျောက်ဖြူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အမ်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်း ကျောင်းဖွင့်လှစ်သင်ကြား

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ပူးပေါင်း ၍  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ တွဲဖက်ဖွင့်လှစ်‌သည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်း ကျောင်းကို ဇွန်(၁)ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားကြောင်းသိရသည်။

ကယားပြည်နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ကြီး၊ သင်တန်းနည်းပြနှင့်ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့်တာဝန်ရှိသူများ ကျောက်ဖြူမြို့အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနေမှုအား ကြည့်ရှုအားပေး၊ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ရေထိန်းတာတမံများနှင့် ဆိုင်ကလုန်းရှယ်တာ(Cyclone Shelter)များအား သွားရောက်စစ်ဆေး

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနေမှုအားသွားရောက်၍ ကြည့်ရှုအားပေးပြီး မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး ရေထိန်းတာတမံများနှင့် ဆိုင်ကလုန်းရှယ်တာ(Cyclone Shelter)များအား ကြည့်ရှုစစ်ဆေးခဲ့သည်။

တနင်္သာရီမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး အမှတ်(၂)စစ်နယ်မြေမှူးနှင့် ကျောင်းအုပ်ဆရာ/ဆရာမများ တွေ့ဆုံဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ခု၊ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေးအတွက် တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ် နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်က မြို့နယ်ပညာရေးမှူးနှင့်အခြေခံပညာကျောင်းအုပ် ကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များအား တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ

ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ (Talk  Show) ကို ယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင်လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။

ပြင်ဦးလွင်ခရိုင်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ တွင် ယနေ့နံနက် ၁၁ နာရီက  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to