လောက်ကိုင် ဇွန် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အမှတ်(၁)ရပ်ကွက်အတွင်း လုံခြုံရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့များသည် ယမန်နေ့နံနက်(၁၀) နာရီအချိန်က နယ်မြေကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် ထင်ပါကျိုင်းကျေးရွာအုပ်စု၊ နာလီကျေးရွာ အ.မ.ကကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမှုနှင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံမှု၊ ကျောင်းများစတင်ဖွင့်လှစ်၍ ပညာသင်ကြားနေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး လောက်ကိုင်-ကုန်းကြမ်းသွားလမ်း ဂျပန်လမ်းဆုံအနီး လမ်းခင်းနေမှုများ၊ လမ်းဘေးဝဲယာရေမြောင်းများ ရေစီးရေလာကောင်းမွန်မှု အခြေအနေများနှင့် လမ်းဘေးဈေးဆိုင်များ၊ လူနေအိမ်များ ကျူးကျော်နေထိုင်မှုများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ညိုညိုဝင်း ( လောက်ကိုင်)