ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်ခရိုင်၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့် ဒေသခံများ အားတွေ့ဆုံ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုတို့သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ဇွန်လ(၂)ရက်က မြိတ်မြို့ Hotel Grand Jade အစည်းအဝေးခန်းမ၌ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်ခရိုင် ခရီးစဉ်ဒေသအတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကအသင်းဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ ဆက်နွယ်ပြီး လုပ်ကိုင်ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များနှင့် ဒေသခံများအား တွေ့ဆုံခဲ့ သည်။

 မွန်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃ ခုနှစ်  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်တွင် သစ်တောပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ စေရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်းအပူချိန်လျော့ကျလာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကိုတန်ဖိုးထား ချစ်မြတ်နိုးပြီး သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေရန် သစ်တောသစ်ပင် ပြုန်းတီးမှုများကို ပြန်လည်အစားထိုးနိုင်ရန် သစ်တောစိုက်ခင်းများ ထူထောင်နိုင်ရန်ရည်ရွယ်၍

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို မြိတ်မြို့ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်၍ မိုးရာသီသစ်ပင် စိုက်ပျိုးပေး

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယမန်နေ့က မြိတ်မြို့ အထက်ရေပုန်းရပ် အမကကျောင်းတွင် ကျင်းပသည့် (၂၀၂၃) ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်ခဲ့ကြပြီး ဝန်ကြီးချုပ် ဦးဆောင်၍ မိုးရာသီသစ်ပင်များကို တက်ရောက်လာကြသူများနှင့်အတူ တပျော်တပါး စိုက်ပျိုးပေးခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ပြည်နယ်အဆင့်ဌာနဆိုင်ရာဘောလုံးအသင်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဘောလုံးအသင်းတို့၏ ချစ်ကြည်ရေး ဘောလုံးယှဉ်ပြိုင်ပွဲ ကြည့်ရှုအားပေး

မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက်  ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  ပြည်နယ်အဆင့်ဌာနဆိုင်ရာဘောလုံးအသင်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဘောလုံးအသင်းတို့၏ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ပြည်နယ်ဝန်ကြီးများ၊ အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးသည်။

တနင်္သာရီမြို့တွင်သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေး အဘိတ်ဆေး ခတ်ပေးခြင်း လုပ်ငန်း ပူးပေါင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင် ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန် တုတ်ကွေးရောဂါဆိုးမှကြိုတင်ကာကွယ်နိုင်ရန်နှင့် ပိုးလောက်လန်းများမပေါက်ဖွားစေရေးအတွက်  မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့်ပူးပေါင်းအဖွဲ့များက ဇွန်လ ၃ရက်နေ့ နံနက်၇နာရီအချိန်မှစ၍ မြို့မရဲစခန်းနှင့် ချောင်းငယ်ရပ်ကွက်အတွင်းရှိ လမ်းများတိုင်း အဘိတ်ဆေးခတ်ပေး ခြင်းလုပ် ငန်းများကို အဖွဲ့များခွဲ၍ တစ်အိမ်တက်တစ်အိမ်ဆင်းဖြင့် သွားရောက်၍ ပူးပေါင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to