ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများအတွင်း    ရေသန့်စက် ၊  ယာယီတဲ နှင့် အမိုးအကာများအား တာ၀န်ရှိသူများက ထောက်ပံ့ပေးအပ်

မောင်တော     ဇွန်   ၃

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများအတွင်း   ရေသန့်စက် ၊  ယာယီတဲ နှင့် အမိုးအကာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နေ့လည်ပိုင်းက အဆိုပါ ကျေးရွာများတွင် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး နှင့် တာ၀န်ရှိသူများသည် ကျောက်ပန္ဒူကျေးရွာသို့ သွားရောက်ပြီး ရွာသူရွာ သား များ နှင့် တွေ့ဆုံကာကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လှူဒါန်း‌သည့် သန့်ရှင်းသော သောက်ရေရရှိစေရေး အတွက်  ရေ ၅၀ လီတာဆံ့ Lifestraw ရေသန့်ဗူး နှင့် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော အမိုးအကာများ ၊ သွပ်ပြားများ ၊ ယာယီတဲများအား တာ၀န်ရှိ သူများက ရွာသူရွာသားများထံ ထောက်ပံ့လှူဒါန်းခဲ့ပြီး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက် ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဦးစောထွန်းက  ရေသန့်ဗူး အသုံးပြုပုံအဆင့်ဆင့်အား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည် ကျောင်းများအား ယာယီအသစ် ပြန်လည် တည်ဆောက်ခဲ့သော သဝင် ချောင်းခွဆုံ (အောင်သုခ ကျေးရွာ)ရှိ အခြေခံပညာမူလ တန်း(လွန်)ကျောင်း၊ ပဲရုံ ကျေးရွာရှိ အခြေခံပညာ မူလ တန်း ကျောင်း ၊  မြို ယု ကျေးရွာရှိ (ယာယီ) အခြေခံပညာမူလတန်းကျောင်း ၊ အင်းဒင်းကျေးရွာရှိ  အခြေခံပညာ အထက်တန်း ကျောင်း ယာယီ စာသင်ဆောင် များ တွင် ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်တွင် တက်ရောက်သင်ယူနေကြသော ကျောင်းသား၊ ကျောင်းသားများ အတန်း ပညာ သင် ယူနေမှုများအား ကြည့်ရှုကာ ကျောင်းအုပ်ဆရာကြီးများ နှင့် ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ယာယီ စာသင် ကျောင်းများအတွက် လိုအပ်လျက်ရှိသော ကျောင်းသင်ပုန်းများ ၊ ကျေးရွာ အတွင်း လိုအပ်လျက်ရှိသော ရေ ၅၀ လီတာဆံ့ Lifestraw ရေသန့်ဗူး ၊ အမိုး အကာများ နှင့် ယာယီတဲများအား တာ၀န်ရှိသူများက ရွာသူရွာသား များထံ ထောက်ပံ့ လှူဒါန်းခဲ့ပြီး လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)