ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် အတွင်းမိုခါမုန်တိုင်းဘေးကြောင့် ပြန်လည် ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အတွက်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများလေဘေးသင့်ပြည်သူများအားထောက်ပံ့ပစ္စည်းများပေးအပ်

ဘူးသီးတောင် ဇွန် ၃

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းဘေးကြောင့်ပြန်လည် ထူထောင်ရေးကိစ္စရပ် များဆောင်ရွက် နိုင်ရန်အတွက်ရောက်ရှိနေသော ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ(၃) နာရီအချိန်က ဘူးသီးတောင်မြို့ မီးရထားဆိပ်ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာနဂိုဒေါင်ရှေ့၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြသည်။

အဆိုပါထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဒုပြင်ရှည် ကျေးရွာအုပ်စု၊ ငလှမ်းပြင်ကျေးရွာအုပ်စု၊ပြိုင်း တောင်ကျေးရွာ အုပ်စုများရှိ လေဘေးသင့် ပြည်သူများ အားဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ တာပေါ်လင်လိတ်မျာအား ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများကပေးအပ်ခဲ့ကြရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကိုယ်စားလှယ် အဖွဲ့များက လက်ခံရယူခဲ့ကြကြောင်းသိရသည်။

ထို့နောက်ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများအဖွဲ့သည်ဘူးသီးတောင်မြို့ လောကချမ်းသာ ဘုရားကြီးကျောင်းဆောင်၌ ဗုဒ္ဓရုပ်ပွားတော်သိမ်ခေါင် မိုးပျက်စီးနေမှုအား လှည့်လည်ကြည့်ရှုကာ ဆရာတော်ကြီးအားဆွမ်းဆန်တော်နှင့် နဝကံမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

မြို့နယ်( ပြန်/ဆက်)