တနင်္သာရီမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး အမှတ်(၂)စစ်နယ်မြေမှူးနှင့် ကျောင်းအုပ်ဆရာ/ဆရာမများ တွေ့ဆုံဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ခု၊ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေးအတွက် တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ် နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်က မြို့နယ်ပညာရေးမှူးနှင့်အခြေခံပညာကျောင်းအုပ် ကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များအား တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ

ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ (Talk  Show) ကို ယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင်လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။

ပြင်ဦးလွင်ခရိုင်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ တွင် ယနေ့နံနက် ၁၁ နာရီက  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့နေ့လယ်ပိုင်းက အ.မ.က (ကင်းရုံး-၂) တွင် ကျောင်းကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် သွေးလွန်တုပ်ကွေး ကာကွယ်ရေး အသိပညာပေး (Talk Show) ပြုလုပ်

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

တကောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက် (၉)နာရီက ပြည်သူ့ဆေးရုံရှိ ဆေးထိုးစုရပ်တွင် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

သရက်ချောင်းမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထိမ်းအမှတ်အကြို ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေး Talk Show ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး Community Centre ခန်းမတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအထိမ်းအမှတ်အကြို  ငါးသယံဇာတထိန်းသိမ်းရေးအသိပညာပေး ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီခွဲက ပြုလုပ်ခဲ့သည်။

မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်၏ နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ရဟန်းရှင်လူ ပြည်သူများ လာရောက်ဖူးမြော်ကြည်ညို

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ အဓိပတိ မဟာနာယက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သက်တော် (၉၄)နှစ်၊ သိက္ခာတော် (၇၄)ဝါရှိ နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသ၏ ဥတုဇရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်ရှိ အေးကမ္ဘာသာသနာ့ ဗိမာန်တော်ကြီးအတွင်း၌ ပူဇော်ထားရှိလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး၊ ဗန်းမော်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ် ထားရှိရာသို့ လိုအပ်သည်များ ကြည့်ရှုစစ်ဆေးမှာကြားခဲ့သည်။
Subscribe to