မိုးညှင်းမြို့၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်း စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပညာသင်ကြား

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းကို ဇွန်လ (၁)ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွ င်သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနေချိန်တွင် ကျောင်းပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြေနီကွင်းအခြေခံပညာအလယ်ကျောင်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၌ နယုန်လပြည့် မဟာ သမယ အခါတော်နေ့ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ် ကြီး၌ နယုန်လပြည့် မဟာသမယအခါတော်နေ့ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်း အတွင်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ ကြသည်။

မိုင်းဖြတ်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း​များဆောင်ရွက်​နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  မြို့နယ်တည်ဆောက်ရေး လုပ်ငန်းစိစစ်​ရေးကော်မတီဝင်များသည် ယမန်​နေ့ နံနက်ပိုင်းက ကွက်သစ်ရပ်ကွက်အတွင် လမ်း/တံတားများ ​ဆောင်ရွက်​နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့ သာသနာ နှစ်ထောင့်ငါးရာ စေတီတော်၌ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သာသနာနှစ်ထောင့်ငါးရာ စေတီတော်၌ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းမှတင် ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့၊ နေရာဒေသ (စံပြကျေးရွာ)တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့၊ နေရာဒေသ(စံပြကျေးရွာ)တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ပျဉ်းမနားခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နတ်မောက်မြို့ ရှေးဟောင်းသမိုင်းဝင်ရန်အောင်မြင်စေတီတော်မြတ်ကြီးအား အလှူရှင်များစုပေါင်း၍ ရွှေထီးတော်တင်လှူပွဲနှင့် အနေကဇာတင်ပူဇော်ပွဲကျင်းပ   

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက်ဆရာတော် ဦးဥပ္ပလ၏ ကြီးကြပ်လမ်းညွန်မှုဖြင့် ရန်အောင်မြင်စေတီတော်ဂေါပကအဖွဲ့၏ ဦးဆောင်ကူညီဖြင့် အလှူရှင် များစုပေါင်း၍ ရန်အောင်မြင် ရပ်ကွက်ရှိ  ရန်အောင်မြင်စေတီတော် ရွှေထီးတော် သစ်တင် လှူပွဲနှင့် အနေကဇာတင် ပူဇော်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က  ဘုရားရင်ပြင်တွင် ကျင်းပခဲ့သည်။ 

နတ်မောက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဝန်ထမ်းသားသမီးများပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲနှင့် နိုင်ငံ့ဝန်ထမ်းအချက် (၃၀) ဖြေဆိုရာတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဝန်ထမ်းသားသမီးများ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲနှင့် နိုင်ငံ့ဝန်ထမ်းအချက် (၃၀) ဖြေဆိုရာတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်း အခမ်းအနားကျင်းပခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

မြို့တွင်းသွားလာမှုလွယ်ကူစေရန် သုခလမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် စည်ပင်သာယာရေးဌာနအနေဖြင့် မြို့တွင်းလမ်းများ ကောင်းမွန်ရေး၊ မြို့သန့်ရှင်းသာယာလှပစေရေး၊ ရပ်ကွက်နေပြည်သူများ ဝင်ထွက်သွားလာမှု လွယ်ကူစေရေးအတွက် အမှတ်(၃)ရပ်ကွက်ရှိ သုခလမ်းသွယ်အား မြေလမ်းမှ ကျောက်ခင်းလမ်းအဖြစ် အဆင့်မြင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

မချမ်းဘောမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ရှိ ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန်နှင့် မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းများထူထောင်လာနိုင်စေရန် ရည်ရွယ်၍ ပူတာအိုခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သော လူသုံးကုန်ထုန် လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ ၂ ရက်နေ့ နံနက် ၁၁ နာရီက နမ်ခမ်ကျေးရွာ ကျေးရွာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to