ဒိုက်ဦးမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ

ဒိုက်ဦး ဇွန် ၃

ပဲခူးဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ နေ့လယ် (၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင်   မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးစိုးနှင့် စာကြည့်တိုက်လက်ထောက်(၃) ဒေါ်သင်းသင်းလတ်တို့က မိုးဦးကျရာသီတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများနှင့် ဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ ရောဂါကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်တားဆီးနိုင်မည့် အချက်များ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများနှင့် ကာကွယ်ရန်နည်းလမ်းများ၊ လက်ဆေးခြင်းအလေ့အကျင့်များအကြောင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အပြည့်အစုံကို ပြည်သူများ မိုးရာသီတွင် ဖြစ်ပွားတက်သော ရောဂါများနှင့်ပတ်သက်၍ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် ဒိုက်ဦးမြို့နယ် ပြည်သူ့စာကြည့်တိုက် page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)