ချောင်းဆုံမြို့နယ် လယ်ယာလုပ်ငန်းခွင်များအတွင်း မိုးစပါးစိုက် တောင်သူများ စတင်စိုက်ပျိုးမှု (၈၈၄၃)ဧက ပြီးစီး

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပြည်သူများ ဒေသတွင်းဝမ်းစာ စပါးဖူလုံစေရေးနှင့် တောင်သူများ ဝင်ငွေတိုးရန် တွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးစပါး စိုက်ပျိုးဧက  (၆၅၂၄၂) ဧက စိုက်ပျိုးနိုင်ရန်လျာထားရှိရာ တောင်သူများ လယ်ယာလုပ်ငန်းခွင်များ စတင်ချိန်မှစ၍ ဇွန် လ (၂) ရက်နေ့ အတွင်း မိုးစပါး ဧက (၈၈၄၃) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာ‌ဖတ်ဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ် စာ‌ရေးဆရာအသင်းနှင့် စာပေချစ်မြတ်နိုးသူများဖြင့် ယနေ့နံနက် ၁၀ နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အိမ်မဲမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအားချေးငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား ချေးငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီတွင် ကျင်းပသည်။

မြန်အောင်မြို့နယ် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့  ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ပထမအကြိမ်အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့  ၂၀၂၃-၂၀၂၄ ပထမအကြိမ် အစည်းအဝေးကိုယနေ့ နေ့လယ် ၁ နာရီက မြန်အောင်မြို့ပရဟိတ မြို့ရွှေကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။

မြဝတီမြို့၌ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အထက်တန်းနှင့် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပ

၂၀၂၃ခုနှစ်၊ ဇွန်(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့်အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မြဝတီမြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် မိုးဦးကျကာလ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မိုးဦးကျကာလ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ပိုးလောက်လန်း ပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ယနေ့နံနက်(၇း၀၀)နာရီအချိန်က အမှတ်(၇)ရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် အဘိတ် (abate) ဆေးခပ်​​ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပစေရေး စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုအားပေးသည်။

မူဆယ်မြို့နယ်၊သစ်တောဉီးစီးဌာနတွင် ၂၀၂၃ခုနှစ်၊ မိုးရာသီစိုက်ပျိုးရန် လူထုဖြန့် ပျိုးပင်ပေါင်း (၄၀၀၀၀)ပင်  စိုက်ပျိုးထား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ သစ်တောဉီးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြေစေရန်၊ သစ်တောများ ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ရန်၊ သဘာဝသစ်တောများ တိုးမြှင့်စိုက်ပျိုးနိုင်ရန်၊ မျှတသောရာသီဉတုရရှိရေးနှင့်အပူဒဏ်ကာကွယ်ရန်ရည်ရွယ်၍ လူထုဖြန့် ပျိုးပင် ပေါင်း(၄၀၀၀၀)ပင်ကို သစ်တောဉီးစီးဌာနပျိုးဉယျာဉ်ခြံများတွင် စနစ်တကျ ပျိုးထောင်စိုက်ပျိုး ထားလျက်ရှိသည်။

ကမ္ဘာ့စက်ဘီးစီးနေ့အထိမ်းအမှတ် လားရှိုးစက်ဘီးချစ်သူများအဖွဲ့မှ စက်ဘီးစီးပြိုင်ပွဲကျင်းပ

“ကမ္ဘာ့စက်ဘီးစီးနေ့” အထိမ်းအမှတ်အဖြစ် လားရှိုးစက်ဘီးချစ်သူများအဖွဲ့မှ ဦးဆောင်ကျင်းပသည့် စက်ဘီးစီးပြိုင်ပွဲကို ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့၊ ထင်းရှူးမြိုင်အိမ်ရာ အနီးတွင် ကျင်းပသည်။

လောက်ကိုင်မြို့ အမှတ်(၁)ရပ်ကွက်အတွင်းသို့ စစ်ကြောင်းကြီး( ၅ ) ကြောင်းဖြင့် နယ်မြေ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ လောက်ကိုင်မြို့ အမှတ်(၁)ရပ်ကွက်အတွင်း လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး  (၅) ကြောင်း ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ် အဆင့်ဌာနဆိုင်ရာ အဖွဲ့များသည် ယမန်နေ့ နံနက်(၁၀) နာရီအချိန်က နယ်မြေကွင်း ဆင်းစစ်ဆေးမှုများ ဆောင် ရွက်ခဲ့ကြသည်။
Subscribe to