တာချီလိတ်မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသည့် မြေယာနှင့်သီးနှံများအတွက် လျော်ကြေးငွေလက်ခံရယူရန် ကျန်ရှိနေသည့် တောင်သူများအား လျော်ကြေးငွေပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အမှတ် ၂ ချစ်ကြည်ရေးတံတားနှင့် စက်မှုရပ်ကွက်အကြား မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသည့် မြေယာနှင့်သီးနှံများအတွက် လျော်ကြေးငွေ လက်ခံရယူရန် ကျန်ရှိနေသည့် တောင်သူများအား လျော်ကြေးငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွှဲ ၃ နာရီက ခရိုင်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရွှေဘို အ.လ.က(၁)၌ ဌာနဆိုင်ရာဝန်ထမ်းများ ပူး​ပေါင်းကာ သန့်ရှင်းသာယာလှပ​ရေးဆောင်ရွက်

စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့တွင် အ​ခြေခံပညာ​ကျောင်းများ စတင်ဖွင့်လှစ်​တော့မည်ဖြစ်ရာ​ ကျောင်းသား/သူ​လေးများ စိတ်ချမ်းမြေ့စွာ ပညာသင်ယူနိုင်​စေရန် ရည်ရွယ်ပြီး ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း၍ အပတ်စဥ်စ​နေ​နေ့တိုင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းလုပ်ငန်းများကို ​ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့နံနက် ၇ နာရီက ​​​အ.လ.က(၁)​ကျောင်းဝန်းအတွင်းရှိ မြက်ပင်နှင့် ချုံနွယ်ပိတ်ပေါင်းများအားရှင်းလင်းခြင်း၊ သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ခြင်းစသည့်တို့ကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

မင်းပြားမြို့နယ်၌ မိုခါမုန်တိုင်းသင့် ပြည်သူများသို့ ဆန်ရိက္ခာနှင့်ခြင်ထောင်များ ထောက်ပံ့ပေးအပ်ပွဲသို့ ဗိုလ်မှူးချုပ်ခင်ဇော် တက်ရောက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၌ မိုခါမုန်တိုင်းပြင်းထန်စွာ တိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်​ခံရကာ စားဝတ်နေရေး အခက်အခဲဖြစ်နေသည့် ပြည်သူများသို့ နိုင်ငံတော်မှ ဆန်ရိက္ခာနှင့်စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်စက်များ၊ သောက်ရေသန့်များ၊ တာပေါ်လင်၊ သွပ်နှင့်ဆေးစိမ်ခြင်ထောင်များအား ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းကထောက်ပံ့ပေးလျက်ရှိသည်။

စလင်းမြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းကြောင့် ရေဘေးသင့်ပြည်သူများအတွက် ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သေတ္တာတင်‌မော်တော်ယာဉ်များအသင်းမှ အိမ်ထောင်စုတစ်စုလျှင် ကျပ်(၁)သိန်းနှုန်းဖြင့် (၉၈)အိမ်ထောင်စုအတွက် ငွေကျပ်(၉၈)သိန်း ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ မဟာဝိသုတရာမတောင်စာသင်တိုက်၌ မင်းဘူးခရိုင်အတွင်းရှိ မြို့များတွင် မိုခါမုန်တိုင်းကြောင့် စလင်းမြို့နယ်မှ ရေဘေးသင့်အိမ်ထောင်စု အိမ်ထောင်စု(၉၀)စု၊ ပွင့်ဖြူမြို့နယ်မှ အိမ်ထောင်စု(၂)စု၊ မင်းဘူးမြို့နယ်မှ အိမ်ထောင်စု(၆)စုတို့အား ရန်ကုန်မြို့ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းမှ ယမန်နေ့နံနက် ၉ နာရီအချိန်က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ် အမှတ်(၂ )အခြေခံပညာအထက်တန်းကျောင်း(မြို့မ​ကျောင်း)၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ဒဂုံမြို့နယ်တွင် ကျောင်းပတ်ဝန်းကျင်သန့် ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား/ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရေး အတွက် ယနေ့နံနက် ၇ နာရီက ဒဂုံမြို့နယ်၊ ပြည်အ​ရှေ့ရပ်ကွက်၊မြို့မ​ကျောင်းလမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း   (မြို့မ​ကျောင်း)၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များကို စားသောက်ကုန်များ ထောက်ပံ့ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ၏ စီမံမှုဖြင့် မိုခါမုန်တိုင်းတိုက်ခတ်သည့်ကာလများတွင် ပါဝင်ကူညီခဲ့သော ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် စားသောက်ကုန်များထောက်ပံ့ပေးခြင်းကို မေလကုန်ရက်က မြို့နယ်ကြက်ခြေနီရုံး၌ ပြုလုပ်ခဲ့သည်။

လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ ဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့၏ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မှော်ဘီမြို့နယ်၌ အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို အခြေခံပညာအထက်တန်း​​ကျောင်း အ.ထ.က (၁)၌ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊​ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁) ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်တွင် တာဝန်ရှိသူများ စုပေါင်းကာ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦးမှ မြို့သန့်ရှင်းသာယာလှပရေးအတွက်  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှု

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော နေရာများအား ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများ ပူပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှု အားပေး

မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်အသီးသီးတွင် သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး ယနေ့နံနက် ၇ နာရီက တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ မကွေးမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း  စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးသည်။
Subscribe to