နမ္မတူတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီခွဲအချိန်က နမ္မတူမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပျိုးပင်များဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် သစ်တောဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပျိုးပင်များဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းကို ဇွန်လ ၄ ရက် ယနေ့နံနက် ၈ နာရီက သာယာဝတီမြို့မစျေး၌ ပြုလုပ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြည်သူများအား ကယ်ဆယ်ပစ္စည်းများ ဖြန့်ဝေထောက်ပံ့

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များက မုန်တိုင်းဒဏ်သင့်ကျေးရွာအုပ်စုများသို့ စနစ်တကျ ဖြန့်ဝေ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောမတ်(ခ)လော်ခယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များနှင့်အတူ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center)တွင် အခြေခံစစ်တုရင်ပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ လူထုအခြေပြုဗဟိုဌာန(Community Center)တွင် အခြေခံစစ်တုရင်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြိုင်ပွဲဝင်ကစားသမား (၈)ဦးဖြင့် ကျင်းပခဲ့သည်။

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကိုယ်ဝန်ဆောင်မိခင်နှင့်အသက် (၂)နှစ်အောက် ကလေးငယ် ထောက်ပံ့ကြေး(MCCT) အစီအစဉ်အများ ပြည်သူအသိပညာပေး (Talk Show) ကျင်းပပြုလုပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ Online စနစ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက်ကလေးငယ် ထောက်ပံ့ကြေး (MCCT) အစီအစဉ် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်ကို ဇွန်လ (၂)ရက်နေ့ မွန်းလွဲ (၁)နာရီ အချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့ စမြုံတော်ဓာတ်နှင့် ဂူဝဘုရားရှိ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော ဓမ္မာရုံအဆောက်အအုံအား ဖယ်ရှားရှင်းလင်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ရန်ကုန်-စစ်တွေကားလမ်းရှိ စမြုံတော်ဓာတ်နှင့် ဂူဝဘုရားရှိ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးဆုံးရှုံးခဲ့သော စမြုံတော်ဓာတ်စေတီတောင်ကလပ်ရှိ ဓမ္မာရုံအဆောက်အအုံအား ယနေ့နံနက် (၇)နာရီက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။

မရမ်းကုန်းမြို့နယ် အ.မ.က(၂၅)​​ကျောင်း၌ ​ကျောင်းတွင်း/​ကျောင်းပြင် သန့်ရှင်း​ရေး​ဆောင်ရွက်

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ ယ​နေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂၅)အ​ခြေခံပညာမူလတန်ကျောင်း၌ ​ကျောင်းတွင်း/​ကျောင်းပြင်   သန့်ရှင်းသာယာလှပ​စေ​ရေး    စုပေါင်းသန့်ရှင်း​ရေး​ဆောင်ရွက်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် မုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည့် မြိုယုကျေးရွာအတွင်း ယာယီတဲများ တည်‌ဆောက်နေမှုများအား တာ၀န်ရှိသူများက ကြည့်ရှု

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည့် မြိုယုကျေးရွာအတွင်း ယာယီတဲများ တည်‌ဆောက်နေမှုများအား တာ၀န်ရှိသူများက ယမန်နေ့နေ့လည်ပိုင်းက မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။
Subscribe to