ဒလမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ယနေ နံနက် ၈ နာရီအချိန်က မြို့နယ် ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်းပြီး ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုသော အားဖြင့် စုပေါင်း အမှိုက်ကောက်သန့်ရှင်းရေး များကို ဆောင်ရွက်ခဲ့ကြသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲ ဖြစ်နေသည့်ပြည်သူများအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍သန့်ရှင်းသောသောက်သုံးရေ ရရှိရေးဖြန့်ဝေပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့်သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ယနေ့နံနက်ပိုင်းက ရေသန့်စင်ကား IR9489 ဖြင့်သန့်ရှင်းသော သောက်သုံးရေများကို ရသေ့တောင်မြို့အရှေ့မြောက် ရပ်ကွက်နှင့်တောင်ရင်းတန်းရပ်ကွက်များအား ဖြန့်ဝေပေးခဲ့ပြီး၊ ရေသန့်စင်ကား IR9469 ဖြင့် သန့်ရှင်းသောသောက်သုံးရေများကို ရသေ့တောင်မြို့နယ်၊ အရှေ့တောင်ရပ်ကွက်၊ ချောင်းဝရပ်ကွက်များသို့ရေသန့်များအား ဖြန့်ဝေပေးခဲ့သည်။

လယ်ဝေးမြို့နယ် လေဘေးသင့်ကျေးရွာများတွင် လယ်ယာမြေများအား စက်မှုလယ်ယာဦးစီးဌာနမှ စက်ကိရိယာများဖြင့် ကူညီထွန်ယက်ပေး

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများဖြစ်သည့် အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာများ ပြန်လည်ထူထောင်ရေးအတွက် သက်ဆိုင်ရာဌာနများအလိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ကျောက်ဆည်မြို့တွင် ကွမ်းရွက်တစ်ပိဿာ ငွေကျပ်(၂)သောင်းကျော် အရောင်းအဝယ်ရှိသဖြင့် ကွမ်းစိုက်တောင်သူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကွမ်းရွက်ဈေးများပြန်လည်ကောင်းမွန်လာပြီး ကွမ်းရွက်တစ်ပိဿာငွေကျပ်(၂)သောင်းကျော် အရောင်းအဝယ်ရှိသဖြင့် ကွမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း  ကျားကာကျေးရွာမှ ကွမ်းစိုက်တောင်သူများထံမှ သိရှိရသည်။

ရမည်းသင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ လူထုလှုပ်ရှားမှုမကျီးကုန်းကျေးရွာ၌ အရိပ်ရအပင်များစုပေါင်းစိုက်ပျိုးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မကျီးကုန်းကျေးရွာအနီး အရိယာဝံသဘုန်တော်ကြီးဝန်၌အရိပ်ရ၊ ကြီးမြန်၊ ဒေသသစ်မျိုးအပင်များအား ဌာနဆိုင်များနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်းကာ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီခွဲအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။   

ထန်းတပင်မြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား  ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

ပဲခူးတိုင်းဒေသ ကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က ဆိပ်ကြီးရပ် ကွက်ကျန်းမာရေးဌာနခွဲတွင်ထိုးနှံလျက်ရှိကြောင်း သိရသည်။

မိုင်းခတ်မြို့တွင် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ် များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉နာရီခွဲအချိန်က မိုင်းခတ်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေး ဌာနတွင်တိုက်ကျွေးထိုးနှံပေး ကြောင်းသိရသည်။

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မင်္ဂလာအခမ်းအနား ကျင်းပ

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဒုတိယကမ္ဘာစစ်အပြီး ပြန်လည် တည်ထားကိုးကွယ်ခြင်း(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မင်္ဂလာအခမ်းအနားကိုယမန်နေ့ နံနက် ၇ နာရီတွင်စတင်ကျင်းပရာ ဗုဒ္ဓပူဇာအဖြစ် စေတီတော်မြတ်ကြီးအားဆံတော်တိုက်ပတ်လည်တွင် သံဃာတော် (၆၅)ပါး၊ (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ်အဖြစ် လှူဒါန်းပူဇော်သည့် မြတ်စွာဘုရားဆင်းတုတော်ရှေ့တွင် သံဃာတော် (၅)ပါး၊ ဓမ္မဧကြာတရားဟောကြားသည့် မြတ်စွာဘုရားဆင်းတုတော်ရှေ့တွင် သံဃာတော် (၅)ပါး၊ စုစုပေါင်း သံဃာ တော် (၇၅)ပါးဖြင့် အနေကဇာတင်လှူ ပူဇော်ကြသည်။
Subscribe to