မူဆယ် ဇွန် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ သစ်တောဉီးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြေစေရန်၊ သစ်တောများ ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ရန်၊ သဘာဝသစ်တောများ တိုးမြှင့်စိုက်ပျိုးနိုင်ရန်၊ မျှတသောရာသီဉတုရရှိရေးနှင့်အပူဒဏ်ကာကွယ်ရန်ရည်ရွယ်၍ လူထုဖြန့် ပျိုးပင် ပေါင်း(၄၀၀၀၀)ပင်ကို သစ်တောဉီးစီးဌာနပျိုးဉယျာဉ်ခြံများတွင် စနစ်တကျ ပျိုးထောင်စိုက်ပျိုး ထားလျက်ရှိသည်။
မူဆယ်မြို့နယ်၊ သစ်တောဦးစီးဌာနပျိုးဉယျာဉ်ခြံတွင် စနစ်တကျပျိုးထောင်စိုက်ပျိုးထားရှိသည့် ပျမ်းမျှအမြင့်(၂)ပေရှိ အောင်မြင်သန်စွမ်းသော ပျိုးပင်များဖြစ်သော မယ်ဇလီ(၃၀၀၀)ပင်၊ ခါတော်မှီ (၁၀၀၀)ပင်၊ မန်ဂျန်ရှား(၂၀၀၀)ပင်၊ ယူကလစ်(၆၀၀၀)ပင်၊ ရေသင်းဝင် (၉၀၀၀)ပင်၊ သစ်လှ (၅၀၀)ပင်၊ ချယ်ရီ(၂၀၀၀)ပင်၊ ဆူးထင်းရှူး(၂၀၀၀)ပင်၊ စိန်ပန်းပြာ(၃၀၀၀)ပင်၊ စိန်ပန်းနီ(၂၀၀၀)ပင်၊ မဟော်ဂနီ (၁၅၀၀)ပင်၊ ကံကော်(၁၅၀၀)ပင်၊ အာဖရိကန်ကျူးလစ်(၂၀၀၀)ပင်၊ မဟာလှေကား (၁၀၀၀)ပင်၊ တပေါင်းပန်း(၅၀၀)ပင်နှင့် မျောက်ငို (၃၀၀၀)ပင် စသည့် သစ်မျိုး(၁၆)မျိုး၊ ပျိုးပင်ပေါင်း (၄၀၀၀၀)ပင်အား ဌာနဆိုင်ရာများ စုပေါင်းသစ်ပင်စိုက်ပွဲများ ကျင်းပ၍ သော်လည်း ကောင်း၊ စိုက်ပျိုးလိုသည့် မူဆယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊တပ်ရင်း/တပ်ဖွဲ့များထံသို့ အခမဲ့ပေးအပ်၍ သော်လည်းကောင်း ၂၀၂၃ခုနှစ်၊မိုးရာသီကာလတွင် ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်သည်။
ထိုသို့စိုက်ပျိုးထားရှိခြင်းမှာ သစ်တောဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သည့် “လူသားအားလုံး ကျန်းမာဖို့ သစ်တောများကို ထိန်းသိမ်းစို့”ဆိုသည့်အတိုင်း မိုးရာသီတွင် ရပ်ကွက်/ကျေးရွာများရှိ ပြည်သူလူထုများကို အခမဲ့ပေးအပ်ပြီး စိုက်ပျိုးကြစေရန် ပျိုးထောင်ထားခြင်းဖြစ်ပါသည်။အဆိုပါပျိုးပင်များကိုမေလ(၂၁) ရက်နေ့တွင် မူဆယ်မြို့၊ လွယ်တိန်ခမ်းတောင်ပေါ်ရှိ ရပ်တော်မူဘုရား၏ အရှေ့တောင်ဘက် မြေကွက် လပ်၌ ပျိုးပင်ပေါင်း(၃၀၀)ပင်ကို စိုက်ပျိုးခဲ့ပြီး ဇွန်လ(၄)ရက်နေ့တွင်လည်း ဌာနဆိုင်ရာများ စုပေါင်း၍ သစ်ပင်စိုက် ပွဲတော် ထပ်မံကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)