အိမ်မဲ ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား ချေးငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောင်းမြခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်မိုးဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ရန်ပုံငွေနှင့် ပတ်သက်၍ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေမှ မြို့နယ်အတွင်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၂၃၇)ဦးအတွက် ကျပ်သိန်းပေါင်း(၂၂၂၀)သိန်း၊ မွေးမြူရေးလုပ်ကိုင်သူ(၃၉)ဦးအတွက် ကျပ်သိန်းပေါင်း(၅၃၀)သိန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းလုပ်ကိုင်သူ(ဆီစက်)(၁)ဦးအတွက် ကျပ်သိန်းပေါင်း(၂၅၀)သိန်း စုစုပေါင်းကျပ်သိန်းပေါင်း(၃၀၀၀)ကျပ်တို့ကိုဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးစိုးထွန်း၊ ခရိုင်သစ်တောဦးစီးဌာနဦးစီးမှူးဦးမင်းဆွေ၊ ခရိုင်ဆည်မြောင်းဦးစီးဌာန ဦးစီးမှူးဦးစောလှစိန်၊ ခရိုင်စက်မှုလယ်ယာဦးစီးဌာန ဦးမျိုးမြင့်ဦးတို့က တစ်ဦးချင်းလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအားချေးငွေများပေးအပ်ခြင်းကြောင်း မြို့နယ်အတွင်းရှိပြည်သူများ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)