စလင်းမြို့နယ် အောက်လှိုင်းကျေးရွာအုပ်စု၊ ပိန္နဲပင်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စု (၃၃)စု တို့အား အိမ်ဆောက်ပစ္စည်းများစုပေါင်းလှူဒါန်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အောက်လှိုင်းကျေးရွာအုပ်စု ပိန္နဲပင်ကျေး ရွာရှိ မီးဘေးသင့်အိမ်ထောင်စုများအား ပြည်သူလူထုစုပေါင်းထည့်ဝင်ငွေများဖြင့် အိမ်ဆောက်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နေ့လည် ၃ နာရီအချိန်က ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာကော်မတီဝင်များရှေ့မှောက်တွင် အိမ်ထောင်စု (၁၃) အိမ်ထောင်စုအတွက် ပထမအကြိမ် အိမ်ဆောက်ပစ္စည်းများကို မဲဖောက်စနစ်ဖြင့် ဆောင်ရွက်ပေး အပ်ခဲ့ကြောင်း သိရသည်။