လောက်ကိုင် ဇွန် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ လောက်ကိုင်မြို့ အမှတ်(၁)ရပ်ကွက်အတွင်း လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး (၅) ကြောင်း ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ် အဆင့်ဌာနဆိုင်ရာ အဖွဲ့များသည် ယမန်နေ့ နံနက်(၁၀) နာရီအချိန်က နယ်မြေကွင်း ဆင်းစစ်ဆေးမှုများ ဆောင် ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် ထင်ပါကျိုင်း ကျောရွာအုပ်စု နာလီကျေးရွာ အမကကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမှုနှင့် ကျောင်းနေ အရွယ်ကလေးများ ကျောင်းအပ်နှံမှု၊ ကျောင်းများ စတင်ဖွင့်လှစ်၍ ပညာသင်ကြားနေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး လောက်ကိုင်-ကုန်းကြမ်းသွားလမ်း ဂျပန်လမ်းဆုံအနီး လမ်းခင်းနေမှုများ၊ လမ်းဘေးဝဲယာ ရေမြောင်းများ ရေစီးရေလာကောင်းမွန်မှု အခြေအနေများနှင့် လမ်းဘေးဈေး ဆိုင်များ၊ လူနေအိမ်များ ကျူးကျော်နေထိုင်မှုများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး တာဝန်ရှိသူ များအား လိုအပ်သည်များမှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညိုညိုဝင်း ( လောက်ကိုင်)