ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာ‌ဖတ်ဝိုင်း ကျင်းပ

ဒဂုံမြောက် ဇွန် ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ် စာ‌ရေးဆရာအသင်းနှင့် စာပေချစ်မြတ်နိုးသူများဖြင့် ယနေ့နံနက် ၁၀ နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အသိအမြင်များမျှဝေနိုင်ရန် စာပေမှရရှိသော  အသိအမြင်ဗဟုသုတများဖလှယ်၍ စာပေမြတ်နိုးသူအချင်းချင်း ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍   စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်‌ ပေးလျက်ရှိရာ အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက တက်ရောက်လာသူများအား စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စာရေးဆရာအသင်းနှင့် (Book Club) အသင်း ဥက္ကဋ္ဌ ဦးလှမြင့်(အောင်သျန်ဝိုင်း)က အမှာစကားပြောကြားသည်။

ဆက်လက်၍ စာရေးဆရာမ မနွယ်(ကလော) ရေးသားသည့် "မေတ္တာရသဘဝပြယုဂ်" ဆုရဝတ္တုတိုများစုစည်းမှု စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ပြီး ဆရာဦးလှမြင့်က "ဒီစာအုပ်ဟာ စာရေးသူရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ မိဘရဲ့မေတ္တာတရား‌ ဖော်ကျူးဖွဲ့နွဲ့ရေးသားထားသော ရသစာအုပ်ကောင်း တစ်အုပ်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး (Book Club) အဖွဲ့ဝင်များ ဖြစ်သော ဦးဝင်းဇော်(ရှေးသု)၊ ဒေါ်နွဲ့နွဲ့အောင်(မြသက်နွယ်)၊ ဒေါ်ယဉ်ယဉ်မွှေး(မဏိမဉ္ဇူ)၊ ဦးထွန်းအောင်သိန်း(ခိုင်ချစ်အောင်)၊ ဦးအောင်မြင့်(သစ်လုပ်ငန်း)၊ ဦးရွှေသိန်း (မောင်ခြိမ့်)တို့က မြို့နယ်အတွင်းရှိ စာပေချစ်သူစာဖတ် ပရိသတ်များနှင့်အတူ ၎င်းစာအုပ်ပါ အကြောင်း အရာများကို အမြင်ချင်းဖလှယ်ကာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်၊၊

မြင့်မြင့်ရီ