ချောင်းဆုံမြို့နယ် လယ်ယာလုပ်ငန်းခွင်များအတွင်း မိုးစပါးစိုက် တောင်သူများ စတင်စိုက်ပျိုးမှု (၈၈၄၃)ဧက ပြီးစီး

ချောင်းဆုံ      ဇွန်     ၃

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပြည်သူများ ဒေသတွင်းဝမ်းစာ စပါးဖူလုံစေရေးနှင့် တောင်သူများ ဝင်ငွေတိုးရန် တွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးစပါး စိုက်ပျိုးဧက  (၆၅၂၄၂) ဧက စိုက်ပျိုးနိုင်ရန်လျာထားရှိရာ တောင်သူများ လယ်ယာလုပ်ငန်းခွင်များ စတင်ချိန်မှစ၍ ဇွန် လ (၂) ရက်နေ့ အတွင်း မိုးစပါး ဧက (၈၈၄၃) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု လျာထားချက် ပြည့်မီကျော်လွန်စေရေး၊ မျိုးကောင်း မျိုးသန့် စပါးများ စိုက်ပျိုး၍အထွက်နှုန်းတိုးများစေရေးအတွက် စိုက်နည်းစနစ်၊သဘာဝမြေဩဇာ သုံးစွဲမှု စနစ်မှန်ကန်စေရေးတို့အတွက် တောင်သူများအား ပညာပေးလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက် လျက်ရှိကြောင်း ဇွန်လ (၂) ရက်နေ့အထိ စိုက်ပျိုးရန် မြေပြင်ပြီးစီးမှု (၂၁၇၇၁) ဧက ၊ ပျိုးထောင်ပြီး ဧက (၃၀၉၁)ဧက နှင့် စိုက်ပျိုးပြီးစီးမှု (၈၈၄၃) ဧကရှိပြီးဖြစ်ကြောင်း တောင်သူများ အချိန်မီ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)