(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲတွင် ရပ်စောက်မြို့နယ်မှ နိုင်ငံဂုဏ်ဆောင်ခဲ့သော အားကစားသမား မမိုးမိုးအေးအား ဂုဏ်ပြုကြိုဆို

၂၀၂၃ ခုနှစ်၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲတွင် ရပ်စောက်မြို့နယ်မှ နိုင်ငံဂုဏ်ဆောင်ခဲ့သော မမိုးမိုးအေးအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရပ်စောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဝိုင်းမော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community center)ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး‌နေ့ အကြောင်းအသိပညာပေး Talk Show  ပြုလုပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ၂၀၂၃-ခုနှစ် ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြိုအနေဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်သိမ်းရေး‌နေ့အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီက ဝိုင်းမော် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမ၌ကျင်းပခဲ့သည်။

ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနပူဇာအဖြစ် မန္တလေးခရိုင်အတွင်းရှိ သံဃာတော်(၉၄)ပါးတို့အား ပင့်ဖိတ်အမျှအတမ်းပေးဝေခြင်း အခမ်းအနား ကျင်းပ

နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနပူဇာအဖြစ် မန္တလေးခရိုင်အတွင်းရှိ သံဃာတော်(၉၄)ပါးတို့အား ပင့်ဖိတ်အမျှအတမ်းပေးဝေခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၇၀ လမ်းနှင့် ၇၁ လမ်းကြားရှိ ဗန်းမော်ကျောင်းတိုက်တွင် ကျင်းပသည်။

မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့အထိမ်းအမှတ် Talk Show ပြုလုပ်

၂၀၂၃ ခုနှစ် ၊ ဇွန်လ (၅) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တို့ ပူးပေါင်းကျင်းပသော “ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့’’ အသိပညာပေး Talk Show ကို ယမန်နေ့ညနေပိုင်းအချိန်က မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒေါ့ဖုန်းယန်မြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား၊ သမီးများအား ပညာသင် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်းထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရန်ပုံငွေပဒေသာကပွဲ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေး

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ည နေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြည်သူများနှင့်အတူ ဒဂုံမြို့နယ်ရှိ အမျိုးသားကဇာတ်ရုံတွင် မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရန်ပုံငွေပဒေသာကပွဲ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးသည်။

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ၂၀၂၃ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ

သစ်ပင်စိုက်လျှင် ဒို့ဝန်းကျင် စိမ်းစိုလှပ ကြည်နူးရ၏၊ သစ်ပင်စိုက်ပါ ဒို့ကမ္ဘာ သာယာလှပ စိမ်းမြမြ၊ သက်ရှိအာဟာရတည်မြဲဖို့ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့ အစရှိသည့် ဆောင်ပုဒ်များ နှင့်အညီ သစ်တောဦးစီးဌာနက ၂၀၂၃ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၇) နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် လောကမဏိစူဠာဘုရားဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို လှုပ်ရှားမှုနန္ဒဝန်၊ ဝန်ထမ်းအိမ်ရာတွင် အမှိုက်ခွဲခြားစွန့်ပစ်ခြင်း Campaign ပြုလုပ်

ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အကြိုလှုပ်ရှားမှုအဖြစ် အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ် သရုပ်ပြပွဲ၊ ဆွေးနွေးပွဲနှင့် အမှိုက်ခွဲခြားစွန့်ပစ်သည့် လှုပ်ရှားမှု Campaign အား ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများအတွင်း စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်သည့်

အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဆင်း၊ တည်ဆောက်ရေးလုပ်ငန်းများနှင့်စိုက်ပျိုးရေးနည်းပညာ ဥယျာဉ်တို့အားကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သော အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲကို ယနေ့နံနက်  ၈ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ပြည်နယ်အလုပ် သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၌ ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ် အင်းကုန်းကျေးရွာတွင် စိုက်ပျိုးထားသော ပဲတီစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မိုးရွာသွန်းမှုများပြီး ပဲတီစိမ်း စိုက်ခင်းအချို့ အောင်မြင်မှုနည်းပါးသော်လည်း အင်းကုန်းကျေးရွာတွင် စိုက်ပျိုးထားသော မိုးကြိုပဲတီ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးအထွက်နှုန်း ကောင်းမွန်သဖြင့် ပဲတီစိုက်တောင်သူများ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Subscribe to