မြန်အောင် ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ၂၀၂၃-၂၀၂၄ ပထမအကြိမ် အစည်းအဝေးကိုယနေ့ နေ့လယ် ၁ နာရီက မြန်အောင်မြို့ပရဟိတ မြို့ရွှေကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့ဖွင့်လှစ်ပြီး မြန်အောင် မြို့နယ် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးဥတ္တရ ဥာဏက ဘုန်းတော်ကြီးသင်ပညာရေး သင်ကြားလျက်ရှိသော (ဘက) ကျောင်းများ၏ ကျောင်းသား/ ကျောင်းသူများ၊ သင်ကြားရေး ဆရာဆရာမ များ၏ လိုအပ်ချက်များကို ရှင်းလင်း မိန့်ကြားသည်။
ဆက်လက်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ် သာသနာရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက (ဘ/က) ကျေင်းများနှင့်ပတ်သက်၍ ဆွေးနွေး တင်ပြကြပြီး ပရဟိတမြို့ရွှေကျောင်း၊ သင်္ဂဇာကျောင်းဟောင်း၊ ရှားတောတာခွကျောင်း ဆရာတော်များက ကျောင်း၏လိုအပ်ချက်များမိန့်ကြားခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးအောင်မြင်စွာ ကျင်းပ ခဲ့သည်။
၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင် မြန်အောင်မြို့နယ်၌ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း (ဘ/က) ပရဟိတမြို့ရွှေကျောင်း(မူလွန်)တွင် ကျောင်းသား/သူ(၁၉၉) ဦး၊ သင်္ဂဇာကျောင်း ဟောင်း (မူလွန်) တွင် ကျောင်းသား/သူ(၆၉) ဦး၊ ရှားတော တာခွကျောင်း(မူလွန်) တွင်ကျောင်းသား/သူ(၇၂)ဦး၊ ဘုရားသုံး ဆူအရှေ့ကျောင်း တွင် ကျောင်းသား/သူ(၃၉)ဦး ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)မြန်အောင်