ကျောက်ဖြူ ဇွန် ၃
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပစေရေး စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုအားပေးသည်။
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ကျောက်ဖြူမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး အဆိုပါကျောင်း၌ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့၊အမှတ်(၆)မှ အရာရှိ၊စစ်သည်များ၊ ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများမှ စာသင်ကျောင်းခြံဝန်း အတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေး စုပေါင်း သန့်ရှင်းရေးပြုလုပ်နေမှုနှင့် မြို့ပေါ်ပရဟိတအဖွဲ့များမှ ကျောင်းသား၊ကျောင်းသူများ ခြင်အန္တရာယ်ကင်းဝေးစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် စာသင်ခန်းများအတွင်း ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)