နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူ ၃၄၂၄၄ ဦး ပညာသင်ကြားလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ(၁)ရက်နေ့မှ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား/သူ ၃၄၂၄၄ ဦး ပညာသင်ကြားလျက်ရှိကြောင်း မြိုနယ်ပညာရေးမှူးရုံးမှ သိရသည်။

မိုင်းရယ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် သစ်တောဦးစီးဌာနက ဦးဆောင်၍ ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက အမှတ် (၃) ရပ်ကွက်၊ မိုင်းရယ်-ကျေးသီး လမ်းဘေး နေရာ၌ ပြုလုပ်သည်။

(၄၁)ကြိမ်မြောက် မောက်မယ်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါဒကစာပွဲတော်အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပရိယတ္တိကျောင်းကြီးစာသင်တိုက်၌ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော (၄၁)ကြိမ်မြောက် ပရိယတ္တိသာသနပါဒကစာပွဲတော်အခမ်းအနားကို ယမန်နေ့ မွန်းတည့်(၁၂)နာရီက စတင်ကျင်းပ ပြုလုပ်ခဲ့သည်။

ငါးသိုင်းချောင်းမြို့တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ၂ နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ပေးရန် စာရင်းများကောက်ခံ

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ရပ်ကွက် အသီးသီးတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂နှစ်အောက်ကလေးငယ်များအား ထောက်ပံ့နိုင်ရန် ဇွန် ၄ ရက်နေ့ နံနက်(၈)နာရီမှ ညနေ (၅)နာရီအချိန်ထိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂ နှစ်အောက်ကလေးငယ်စာရင်းများ ကောက်ခံပေးလျက်ရှိကြောင်း သိရသည်။

မြန်အောင်မြို့နယ် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမအကြိမ်အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဘုန်းတော်ကြီး ကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ၂၀၂၃-၂၀၂၄ ပထမအကြိမ် အစည်းအဝေးကို ဇွန်လ ၃ ရက်နေ့ နေ့လယ် ၁ နာရီက မြန်အောင်မြို့ပရဟိတ မြို့ရွှေကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။

လွိုင်လင်မြို့တွင် ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမရေးနေ့အထိမ်းအမှတ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈)နာရီက မြကန်သာရေကန်အနီးတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ခိုလမ်မြို့၌ ဗုဒ္ဓ/ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ ဗုဒ္ဓ/ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းဖွင့်ကို ယမန်နေ့မွန်းလွဲပိုင်း ၁ နာရီအချိန်က ရွှေစေတီကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ် ရွာသစ်ကျောင်းတိုက်တွင် (ဒုတိယ) အကြိမ်မြောက် မဟာသမယသုတ်တော် ရွတ်ဖတ်ပူဇော်ပြီးမြောက် အောင်မြင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မြို့မရပ်ကွက်၊ ရွာသစ်ကျောင်းတိုက်၊ ခဏ္ဍသိမ်တော်ကျောင်းအတွင်း၌ (ဒုတိယ) အကြိမ်မြောက် မဟာသမယသုတ်တော် ရွတ်ဖတ်ပူဇော်ပြီးမြောက်အောင်မြင်ပွဲကို ဇွန်လ ၃ ရက်နေ့ကကျင်းပကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင် ၂၀၂၄ခုနှစ်တွင် လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် GIS စနစ်ဖြင့် Census Units ဖွဲ့စည်းနိုင်‌ရေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ ယနေ့နံနက်ပိုင်းက ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် GIS စနစ်ဖြင့် Census Units ဖွဲ့စည်းနိုင်‌ရေးဆောင်ရွက်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင်  သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အကြိမ် (၃၀)မြောက် နိကာယ်(ဝိဒူတန်း)စာမေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီဌာနမှကြီးမှူးကျင်းပသည့် အကြိမ်(၃၀)မြောက် နိကာယ် (ဝိဒူတန်း)စာမေးပွဲကို ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိဆောင်ရွက် ကျင်းပသွားမည်ဖြစ်ပြီး အမှတ်(၆)ရပ်ကွက်၊ စိန်ပန်းပတ်လမ်းရှိ သမ္မသဗ္ဓုဒမြို့ဦးစေတီတော်အတွင်းရှိ မြို့နယ်သံဃနာယကာရုံး၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Subscribe to