မော်လမြိုင်ကျွန်းမြို့နယ်တွင်  သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အကြိမ် (၃၀)မြောက် နိကာယ်(ဝိဒူတန်း)စာမေးပွဲကျင်းပ

မော်လမြိုင်ကျွန်း ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီဌာနမှကြီးမှူးကျင်းပသည့် အကြိမ်(၃၀)မြောက် နိကာယ် (ဝိဒူတန်း)စာမေးပွဲကို ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိဆောင်ရွက် ကျင်းပသွားမည်ဖြစ်ပြီး အမှတ်(၆)ရပ်ကွက်၊ စိန်ပန်းပတ်လမ်းရှိ သမ္မသဗ္ဓုဒမြို့ဦးစေတီတော်အတွင်းရှိ မြို့နယ်သံဃနာယကာရုံး၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပ တည်တံ့ခိုင်မြဲရေးနှင့် သာသနာ့အာဇာနည်များ ပေါ်ထွန်း လာစေရေးတို့ကို ရည်ရွယ်ကာ စာမေးပွဲတော်အား မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်(၂၆)ပါးနှင့် သီလရှင်(၈) ပါး စုစု ပေါင်း (၃၄)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး  စာဖြေသံဃာများအနေဖြင့် ပါရာဇိကကဏ္ဍ အဌကထာ၊ သိလက္ခန္ဓဝဂ္ဂ အဌကထာ၊ အဌသာလိနိ အဌကထာ၊ ပါစိတျာဒိ အဌကထာ၊ မဟာဝဂ္ဂ အဌကထာ၊ သမ္မောဟဝိနော ဒနိအဌကထာ၊ စူဠဝဂ္ဂါဒိ အဌကထာ၊ ပါထိကဝဂ္ဂ အဌကထာ ဘာသာရပ်များအား ဖြေဆိုရမည် ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)