ဆီဆိုင်မြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းရေးနေ့ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ဟော်တောင်ကျေးရွာရှိ အောင်စံပြည့်ညီသမိုင်းဝင် မွေတော်ဘုရား၏ ပရဝုဏ်အတွင်း၌ ကျင်းပသည်။

မိုင်းဖြတ်မြို့နယ်၌    ကျေးရွာချင်းဆက်ကြိုးတံတား ပြန်လည်တည်ဆောက်နိုင်ရေး မြေပြင်အခြေအနေများ စစ်ဆေးတိုင်းတာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဆိုင်းလေ-နားအယ်ကျေးရွာချင်းဆက် ကြိုးတံတားပြန်လည်တည်ဆောက်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည့် မြေပြင်အခြေအနေများကို ကွင်းဆင်းစစ်ဆေးတိုင်းတာခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်  ရပ်ကွက်၊ ကျေးရွာများရှိ  အသက် (၂)နှစ်အောက် ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင်  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်မှ ဦးဆောင်၍သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသောမိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ခမ်းအနားကို ယနေ့နံနက် ၈နာရီအချိန်က (အ-ထ-က၊လောင်းလုံး)ကျောင်းဝင်း၌ ကျင်းပခဲ့သည်။

ကြံခင်းမြို့တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ရွာသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ (555) ကုန်စုံဆိုင်တွင် ယမန်နေ့ နံနက်(၃)နာရီ (၄၅)မိနစ်အချိန်က မီးအား မြှင့်စက်အပူလွန်ကဲမှုကြောင့် မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

မင်းလှမြို့၌ မွေးစမှအသက်တစ်နှစ်ခွဲအထိကလေးငယ်များအားပုံမှန်ကာကွယ်ဆေးထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲက တောင်ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်၌ ကြက်သွန်နီဈေးနှုန်းမြင့်တက်မှုကြောင့် သိုလှောင်သူတောင်သူများ အဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ မြို့မစျေးကြီးတွင် ကြက်သွန်နီဈေးနှုန်းမြင့်တက်မှုကြောင့် သိုလှောင်သူတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ နတ်မောက်မြို့နယ်တွင် သင်္ကြန်ကာလမှစတင်ပြီး ကြက်သွန်နီဈေးနှုန်း ၁၂၀၀ ကျပ်မှ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ လက်ရှိမှာတော့ ကြက်သွန်နီတစ်ပိဿာ ကျပ် ၂၅၀၀ အထိ မြင့်တက်လျက်ရှိတယ်လို့ ရောင်း/ဝယ် သူများထံမှ သိရသည်။

အ.မ.က(ခလရ၆၆)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း‌ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် (၉:၃၀) နာရီအချိန်တွင် အ.မ.က(ခလရ၆၆)ကျောင်း၌  စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့၌ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးသည်။

မိုင်းရှူးမြို့နယ်တွင် အသက်(၂)လမှ (၅)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး၊ ထိုးနှံပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အသက်(၂)လမှ (၅)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ထိုးနှံပေးခြင်းကို ယနေ့ နံနက်( ၉) နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိသည်။
Subscribe to