လွိုင်လင် ဇွန် ၅
၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမရေးနေ့အထိမ်းအမှတ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈)နာရီက မြကန်သာရေကန်အနီးတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အစီအစဉ်အရ ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်မှ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားပါသည်။ ယင်းနောက် လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်တို့က စိုက်ပျိုးမည့် ပျိုးပင်များအား ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များထံ ပေးအပ်ကြသည်။ ထို့နောက် တပ်နယ်မှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ ဦးဆောင်၍ သစ်ပင်များ တပျော်တပါး စိုက်ပျိုးကြသည်။ ယင်းနောက် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ယနေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ထင်းရှူး ၂၇၀ ပင်၊ စိန်ပန်းပြာ ၁၂၀ ပင်နှင့် ချယ်ရီ ၁၅၀ ပင်၊ စုစုပေါင်းသစ်ပင် ၅၄၀ ပင် စိုက်ပျိုးကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)