ညောင်ဦးမြို့နယ်တွင် ထန်းတောင်သူများ ထန်းဖိုရာသီပြီးဆုံး၍ ထန်းမရာသီစတင်ချိန်တွင် ထန်းလျှက်များ ဈေးနှုန်းကောင်းရရှိ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ထန်းတောင်သူများ ထန်းဖိုထန်းတက်လုပ်ငန်းပြီးဆုံးချိန် ထန်းမထန်းတက်လုပ်ငန်းစတင်ချိန် ထန်းလျှက်တစ်ပိသာ ၃၅၀၀ ကျပ်ဈေးနှုန်းဖြင့် ရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် ထန်းတောင်သူများမနှစ်က ထန်းမ ရာသီထန်းလျှက်ရှိ ဈေးထက် ၁၅၀၀ ကျပ် ပိုမိုရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် တောင်ရှေ့ကျေးရွာ ထန်းတောင်သူ ဦးခင်စိုးထံမှ သိရသည်။

မိုးညှင်းတက္ကသိုလ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနား ကျင်းပ

၂၀၂၃ခုနှစ် ဇွန်လ (၅) ရက်တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ယနေ့နံနက် (၉) နာရီက ရတနာခန်းမ၌ ကျင်းပသည်။

လေးမျက်နှာမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို လေးမျက်နှာမြို့နယ် ချင်းလယ်ကျေးရွာ အနီး၊ သစ်တောကြိုးဝိုင်း၊ အကွက်အမှတ်(၂၆)အတွင်း မြေနေရာ၌ သစ်ပင် သစ်တောများ စိမ်းလန်း စိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးနိုင်သည့် တန်ဖိုးကို နားလည် ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကမမောင်းမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့ အထိမ်းအမှတ် မိုးရာသီအကြို စု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီအကြိုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို  ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၇ နာရီအချိန်ခန့်က ကျင်းပခဲ့သည်။

ဝါးခယ်မမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ဝါးခယ်မမြို့၊ ရေကျော်ရပ်ကွက်၊ အာထရာကန် ဘေးတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခွဲ အချိန်တွင် သစ်ပင်ပေါင်း (၅၀၀) စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့၊ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား ရဟန်းရှင်လူပြည်သူအပေါင်း လာရောက်ဖူးမြှော်ကြည်ညိုကာ အလှူငွေများလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၆၉x၇၁ လမ်းကြား၊ ဗန်းမော်ကျောင်း တိုက်၌ သီတင်းသုံးခဲ့သည့်ဗန်းမော် ဆရာတော်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဘိဓဇအဂ္ဂမဟာရဌဂုရုအဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရဘိဝံသ၊ သက်တော်(၉၄)၊သိက္ခာတော်(၇၄)ဝါ အရ သက်တော် (၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါအရ ၁၃၈၅ခုနှစ်၊နယုန်ဆန်း(၇)ရက်(၂၅-၅-၂၀၂၃)ကြာသပတေးနေ့ ည ၁၁ နာရီ ၁၁ မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။

မြန်အောင်မြို့နယ် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမအကြိမ်အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဘုန်းတော်ကြီး ကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ၂၀၂၃-၂၀၂၄ ပထမအကြိမ် အစည်းအဝေးကို ဇွန်လ ၃ ရက်နေ့ နေ့လယ် ၁ နာရီက မြန်အောင်မြို့ပရဟိတ မြို့ရွှေကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။

ကန့်ဘလူမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်မာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီက ကန့်ဘလူမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ထမ်းများက အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to