အင်္ဂပူမြို့နယ်တွင် ၂၀၂၄ခုနှစ်တွင် လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် GIS စနစ်ဖြင့် Census Units ဖွဲ့စည်းနိုင်‌ရေးဆောင်ရွက်

အင်္ဂပူ ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ ယနေ့နံနက်ပိုင်းက ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် GIS စနစ်ဖြင့် Census Units ဖွဲ့စည်းနိုင်‌ရေးဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြန်အောင်ခရိုင်ဦးစီးမှူး ဦးတင်မြိုင်ကြီးကြပ်မှုဖြင့် အင်္ဂပူမြို့နယ်ဦးစီးမှုးဦးဇော်နိုင် လိုက်ပါဆောင်ရွက်လျှက်အင်္ဂပူမြို့၊ ထူးကြီးမြို့၊ မဲဇလီကုန်းမြို့များရှိ ရပ်ကွက်များ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်တင်တင်လေး ခေါင်းဆောင်သောအဖွဲ့များ၊ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများမှ ကွင်းဆင်း‌ဆောင်ရွက်လျက်ရှိရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ‌‌ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့‌ ကြောင်းသိရသည်။

မန်းကျော် (ပြန်/ဆက်)